ep24💜

2.2K 188 11
                                    

(Unicode)

မနက်လည်းရောက်ရောမယ်တော်ကြီးလည်းခါတိုင်းထက်စိတ်ကြည်လင်စွာနိုးထလာတယ်

"အထိန်းတော်ကြီးအတွင်း၀န်အမတ်ကြီးကိုငါအခေါ်တော်ထောက်တယ်လို့ပြောလိုက်"

"ဟုတ်ကဲ့ပါမယ်တော်ကြီးကျွန်တော်မျိုးမခုချက်ချင်းသွားပြောလိုက်ပါ့မယ် "

"အွန်းကောင်းပြီ "

အထိန်းတော်ကြီးမျက်နှာတော်သစ်ဖို့တွေတစ်ခါတည်းပြင်ဆင်ပေးပြီးအတွင်း၀န်အမတ်ကြီးဆီအပျိုတော်တစ်ယောက်နဲ့စကားသွားပါးဖို့ထွက်သွားတယ်

ရှောင်အမတ်ကြီးအိမ်တော်တွင်တော့

"အမတ်ကြီးနန်းတွင်းကမယ်တော်ကြီးအထိန်းတော်ကရောက်နေကြောင်းပါ"

"အထိန်းတော်ကိုယ်တိုင်တောင်လာတယ်ဆိုတော့အရေးကြီးကိစ္စပဲဖြစ်ရမယ် အထိန်းတော်ကြီးကိုဧည့်တွေ့ဆောင်ကိုခေါ်သွားပြီးဧည့်၀တ်ကျေအောင်လုပ်ထားလိုက် ငါအ၀တ်လဲပြီးရင်လိုက်လာခဲ့မယ်"

"ဟုတ်ကဲ့အမတ်ကြီး"

'ဟူး~~သားလေးနဲ့မင်းကြီးတို့ရဲ့လတ်ဆက်မဲ့ကိစ္စပဲဖြစ်ရမယ် ဖြစ်နိုင်ရင်လတ်ဆက်မဲ့ကိစ္စပျက်သွားတယ်လို့လာအကြောင်းကြားရင်ဘယ်လောက်တောင်ကောင်းမလဲ သားလေးကိုစိတ်ဆင်းရဲစေမဲ့လတ်ဆက်ပွဲကြီးကိုမလုပ်ချင်တာတော့အမှန်ပဲ သားလေးကငါအခက်တွေ့မှာကိုစိုးရိမ်လို့လက်မခံချင်ဘဲလက်ခံလိုက်ရတယ်ဆိုတာအဖေတစ်ယောက်အနေနဲ့ကောင်းကောင်းကြီးသိတာပေါ့ တစ်ကြိမ်လောက်တော့ကျွန်တော်မျိုးရဲ့ဆုတောင်းကိုဖြည့်ပေးတော်မူပါမိုးနတ်မင်းရယ်'

ရှောင်အမတ်ကြီးလည်း၀တ်ရုံတော်မြန်မြန်၀တ်ပြီးဧည့်တွေ့ဆောင်ကိုသုတ်သုတ်လေးသွားလိုက်တယ်

"အထိန်းတော်ကြီးမယ်တော်ကြီးကဘာများမှာကြားလိုက်လို့လူကိုယ်တိုင်လာပြောရတာပါလဲ"

"မယ်မယ်ကအရေးကြီးကိစ္စပြောစရာရှိတာမလို့ခုချက်ချင်းနန်းဆောင်ကိုကျွန်တော်မျိုးမနဲ့တစ်ခါတည်းလိုက်လာခဲ့ပါတဲ့ "

"ဟုတ်ကဲ့ပါအထိန်းတော်ကြီးကျွန်တော်ခုပဲအထိန်းတော်ကြီးနဲ့လိုက်ခဲ့ပါ့မယ် "

Owner Of Mole (OOM) (Completed)Donde viven las historias. Descúbrelo ahora