ep11💜

3.5K 303 10
                                    

(Unicode)

ဆေးလိမ်းဖို့အခန်းထဲ၀င်သွားတဲ့နှစ်ယောက်ကတော့ရိပေါ်ရဲ့စကားများကြောင့်ရှောင်းကျန့်တစ်ယောက်အပြုံးအရယ်မပျက်ရ

"မှည့်လေးရယ်ကြည့်ပါအုံးကိုယ်စားမှာသိလို့တမင်သက်သက်မမကလုစားတာအကျင့်ကိုမကောင်းဘူး ကိုယ့်အမ မဟုတ်ရင်အဲ့နေရာတင်ပွဲပြီးသွားပြီ"

ဟမ်ဘာတွေပွဲပြီးမှာလဲရိပေါ်ရဲ့ကိုယ့်အမကိုမဟုတ်တာတွေမလုပ်နဲ့နော်✍️

"ဘာမှမဟုတ်တာမလုပ်ပါဘူးဟုတ်တာပဲလုပ်မှာပါ ဟဲဟဲ"

အမလေးရိပေါ်ရယ်ကျွန်တော်ရိပေါ်စကားနားထောင်ရတာကျက်သီးထလာပြီ ဘာလုပ်မှာလဲရိပေါ်ရယ် မြန်မြန်ပြောပါတော့✍️

"မလန့်ပါနဲ့ဗျာ ကိုယ့်အမသာမဟုတ်ရင်မှည့်လေးထည့်ပေးထားတဲ့ပန်းကန်ကိုလုစားမှာလို့ပြောမလို့ပါဟီး"

ရိပေါ်ကတော့ပန်းကန်ကိုလုစားရအောင် ရိပေါ်ကကလေးလားလို့✍️

"ဟုတ်တယ်ကလေးပဲရှိသေးတာကိုလို့ အဲ့ဆိုကျွန်တော်မစားရအောင်တမင်ယူစားတဲ့မမကရောကလေးအကျင့်အတိုင်းလုယူစားတာပဲကို ပေါ်ပေါ်အဲ့လိုတွေးတာမှားမှမမှားတာလို့"

ဟုတ်ပါပြီပေါ်ပေါ်ရယ် အဲ့လိုရုပ်ကလေးမလုပ်ပါနဲ့ဘာရုပ်လေးမှန်းကိုမသိဘူး✍️

ရှောင်းကျန့်လည်းရေးနေရင်းအသံထွက်ရယ်လိုက်မိတယ်

"ဘာလဲမှည့်လေးကပေါ်ပေါ်အဲ့လိုလုပ်တော့မခင်တော့ဘူးလားပြော ရဘူးနော်ပေါ်ပေါ်အဲ့လိုလုပ်လည်းဆက်ခင်ရမယ် ရဘူး ရဘူး"

ရှောင်းကျန့်ဒီတစ်ခါတော့အားရပါးရရယ်လိုက်မိတယ် သူ့ရဲ့ယုန်သွားဖြူဖြူလေးတွေပေါ်‌အောင်အထိပေါ့

ရှောင်းကျန့်ယုန်သွားလေးတွေပေါ်အောင်အထိရယ်နေတာကိုအမိအရကြည့်ပြီးလိုက်ပြုံးနေတဲ့ကောင်လေးရိပေါ်ရှိတယ်ဆိုတာရိပေါ်ကိုယ်တိုင်ပဲသိပါလိမ့်မယ်

ရိပေါ်တကယ်အဲ့လိုရုပ်လေးနဲ့တကယ်ချစ်ဖို့ကောင်းတယ်သိလား ဒါမဲ့နှုတ်ခမ်းလေးဆူပြီးပေါ်ပေါ်လို့ပြောနေတာလေးကိုချစ်လွန်းလို့အားရပါးရရယ်လိုက်မိတာ ဘယ်လိုဖြစ်ပြီးအဲ့လိုချွဲတက်နေတာလဲရိပေါ်ရဲ့✍️

Owner Of Mole (OOM) (Completed)Onde histórias criam vida. Descubra agora