(Unicode)
ဆေးသွင်းတာတစ်ပုလင်းကုန်သွားတော့သူနာပြုမလေးတွေကိုခေါ်ပြီးဆေးပိုက်ဖြုတ်ခိုင်းလိုက်တယ်
ညနေဆရာroundလှည့်ပြီးလိုအပ်တာတွေစစ်ဆေးပြီးတော့လည်ချောင်းကိုဂရုစိုက်ဖို့မှာပြီးဆေးရုံကဆင်းလို့ရကြောင်းပြောသွားတယ်
ဒါကြောင့်ရိပေါ်လည်းကောင်တာသွားပြီး ဆေးရုံဆင်းဖို့ဆေးရုံစရိတ်တွေသွားရှင်းလိုက်ပြီးအခန်းထဲပြန်လာလိုက်တယ်
"မှည့်လေးရေဆေးရုံဆင်းလို့ရပြီ ကိုဆေးရုံစရိတ်လည်းရှင်းပြီးပြီ"
"ဟုတ်ရိပေါ် မှည့်လေးလည်းအိမ်ပြန်ချင်ပြီ ဆေးရုံမှာမနေချင်တော့ဘူး ရိပေါ်ရဲ့ရင်ခွင်ထဲမှာပဲနေချင်တယ်"
"အဟက်အချွဲလေး ကိုကလည်းမှည့်လေးကိုကလေးလေးလိုရင်ခွင်ထဲထည့်ပြီးထွေးပွေ့ထားမယ်"
"ဟုတ်ဟုတ်"
"အဟမ်းသဲသဲကဲကဲအတွဲရေငါတို့ကိုရှိတယ်လို့ရောထင်သေးရဲ့လား မထင်ရင်လည်းရပါတယ် အလိုက်တသိနဲ့ဆက်ချောင်းနေမယ်"
"အယ်မမကလည်းရှိတယ်ဆိုတာသိပါတယ် ဘာလဲနေ့ခင်းကliveကြည့်တာနဲ့မလုံလောက်သေးဘူးလား"
"ငါမနေ့ခင်းကသေချာမကြည့်လိုက်ရလို့ဟေ့ ပြောရရင်တော့အစလေးကြည့်ပြီးအကုန်လွတ်သွားတယ်"
"လွတ်သွားရအောင်မမကဘယ်သွားနေလို့လဲ"
"ဘယ်မှမသွားဘူးဟေ့အခန်းထဲပဲရှိတယ် ကျင်းကျင်းပေါ့နင်တို့ရိုတာကိုကြည့်ပြီးနှာခေါင်းသွေးတွေလျှံနေလို့သုတ်ပေးနေရတာနဲ့ဘာမှမကြည့်လိုက်ရဘူး"
"အဲ့လိုတွေတောင်ဖြစ်သွားတယ်လား ကျွန်တော်ကမှည့်လေးကိုထမင်းခွံ့ကျွေးနေတာနဲ့ဘာမှမသိလိုက်တာဟီး"
"အေးပါဟယ်ငါလေးမပြောလိုက်ချင်ဘူး ကျင်းကျင်းအတွက်တော့ငါလေးမျက်ရည်နှစ်စက်ကျပေးမယ် "
"ဟီးမမကလည်းအဲ့လိုတော့မပြောပါနဲ့ ကျွန်တော်ကမှည့်လေးမျက်နှာပဲတစ်ကမ္ဘာထင်တာကို မမချစ်သူရရင်နားလည်လိမ့်မယ်"
"ဒီဖေ့ ငါများနှိမ်ချ ငါကချစ်သူရည်းစားမရှိလည်းနားလည်ပါတယ်နော် တော်ပြီအေ အိမ်ပြန်ကြမယ် ငါပဲကားမောင်းမယ် နင်တို့နှစ်ယောက်ကနောက်ခန်းကထိုင် ကျင်းကျင်းကရှေ့ခန်းမှာထိုင် ပြီးတော့ငါတခါတည်းပြောထားမယ်နောက်ကိုလုံး၀လှည့်မကြည့်နဲ့နော် ကြားလား"
YOU ARE READING
Owner Of Mole (OOM) (Completed)
RomanceYiZhan❗Not ZhanYi❗ ကြယ်လေးရဲ့5ပုဒ်မြှောက် yizhan ficလေးပါရှင့် ဒီတခါတမူထူးခြားစွာTime travelပုံစံမျိုးလေးရေးဖို့လုပ်ထားပါတယ် အားလုံးပဲအားပေးကြပါအုံးနော် love you all readers #photo crd