(Unicode)
Yizhan Wedding day 💚❤️🤵🏻🤵🏻
"မမငါမှည့်လေးနဲ့တွေ့ချင်တယ်ဆို "
"မင်္ဂလာပွဲမတိုင်ခင်မတွေ့ရပါဘူးဆို ဘယ်လိုတောင်ဖြစ်နေတာလဲ ပွဲကြတွေ့ရမှာပဲဟာကိုတော်တော်ဖြစ်နေ"
"မမကလည်းတကယ့်ကိုခဏလေးပဲတွေ့မယ်လေ ကျွန်တော်စိတ်လှုပ်ရှားနေလို့အားဆေးလေးယူချင်လို့ပါ"
"ဘာအားဆေးလဲပြောလိုက်ငါ့မှာအကုန်ရှိတယ် "
"ဟာမမကလည်းသိရဲ့သားနဲ့အဲ့အားဆေးတွေမှမဟုတ်တာ ကျွန်တော့်ရဲ့တစ်ခုတည်းသောအားဆေးမှည့်လေးကိုပြောနေတာ "
"မောင်လေးနော်ငါဒီနေ့တော့အလျှော့မပေးနိုင်ဘူး မတွေ့ရပါဘူးဆို နင်အရင်ကားနဲ့သွားတော့ဟိုမှာဧည့်သည်တွေရောက်နေလောက်ပြီ အရင်ဧည့်ခံထားလိုက်"
"သွားချင်ပါဘူးဆို မှည့်လေးနဲ့တွေ့ပြီးမှသွားပါမယ်ဆို"
"ငါလုပ်လိုက်ရသေတော့မယ် ဒါလားဒီနေ့မင်္ဂလာဆောင်မဲ့သတို့သား နင့်ကိုသတို့သားလို့ဘယ်သူမှထင်မှာမဟုတ်ဘူးသိလား လုပ်နေပုံကကလေးလိုလိုခွေးလိုလိုနဲ့"
"ကလေးလိုလိုကထားပါ ဘာခွေးလိုလိုလဲ"
"ဟဲ့ခွေးလိုလိုဆိုခွေးလိုလိုလုပ်လိုက်စမ်းပါ ပြီးတော့နင့်ကိုရှောင်းကျန့်ခွေးပေါက်လေးလို့လည်းခေါ်တယ်မလား အဲ့တော့ခွေးလိုလိုပေါ့ဟယ်"
"မှည့်လေးခေါ်တာဟုတ်တယ်လေမမလာမခေါ်နဲ့မကြိုက်ဘူး ခွေးပေါက်လေးဆိုတာမှည့်လေးတစ်ယောက်တည်းခေါ်ခွင့်ရှိတာ ဟွန့်"
"အေးမခေါ်နဲ့ဆိုလည်းမခေါ်ဘူးဟေ့ နင်ခုသွား...."
'ဒူ~~ ဒူ~~'
"ဟယ်လိုအတွင်းရေးမှူးချန်ပြော"
"Ceoတို့မလာသေးဘူးလားဗျ ဧည့်သည်အနည်းငယ်ရောက်လာနေပြီ ကျွန်တော်လည်းဧည့်ခံထားပါတယ် ဒါမဲ့ဒါရိုက်တာနဲ့Ceoတို့လာမှပိုအဆင်ပြေမှာမလို့ပါဗျ"
"အိုခေ အိုခေခုပဲထွက်လာခဲ့မယ် အတွင်းရေးမှုးပဲဆက်ပြီးခဏလောက်ဧည့်ခံပေးထားပါအုံး"
VOUS LISEZ
Owner Of Mole (OOM) (Completed)
Roman d'amourYiZhan❗Not ZhanYi❗ ကြယ်လေးရဲ့5ပုဒ်မြှောက် yizhan ficလေးပါရှင့် ဒီတခါတမူထူးခြားစွာTime travelပုံစံမျိုးလေးရေးဖို့လုပ်ထားပါတယ် အားလုံးပဲအားပေးကြပါအုံးနော် love you all readers #photo crd