(Unicode)
ပုံမှန်နေ့ရက်တွေကထက်ဒီနေ့ကမှပိုပြီးရိပေါ်အတွက်သာယာပြီးအေးချမ်းနေသယောင်
ဘာလို့ဆိုမနေ့ကသူ့ရဲ့မှည့်လေးရဲ့အပြုံးလှလှလေးတွေကိုနှစ်ခါတောင်အနီးကပ်ကြီးမြင်လိုက်ရသလို မှည့်လေးဆိုတဲ့နာမည် လေးကိုသူတစ်ယောက်တည်းခေါ်ဖို့အတွက်မှည့်လေးကိုယ်တိုင်ခွင့်ပြုချက်ပေးလိုက်တယ်မလား ပြီးတော့လည်းမှည့်လေးဆိုတဲ့နာမည်လေးကိုလည်းအရမ်းသဘောကျတယ်တဲ့လေ အဲ့ဒါက်ုမပျော်ရင်ရိပေါ်ဘယ်ဟုတ်တော့မလဲ
အရင်ကလိုသူ့ဘက်ပဲတစ်ဖက်သတ်ကိုယ်ပိုင်နာမည်လေးပေးပြီးသူ့ဘက်ကပဲတစ်ဖတ်သတ်ခိုးခေါ်ခဲ့ရတာ ခုတော့နှစ်ယောက်တည်းရှိရင်မှည့်လေးကလည်းသူ့ကိုရိပေါ်လို့ခေါ်တယ် သူကလည်းသူပေးထားတဲ့မှည့်လေးဆိုတဲ့နာမည်လေးကိုအားရပါးရခေါ်နေတော့တယ်
သူ့ကိုလည်းမှည့်လေးနာမည်လေးတစ်ခုတော့ပေးစေချင်တဲ့ဆန္ဒလေးတစ်ခုတော့ရှိတယ် ဒါမဲ့သူ့ဘက်ကကိုယ်ပေးခိုင်းလို့ပေးရတာမျိုးမဟုတ်ဘဲနဲ့မှည့်လေးဘက်ကလိုလိုလားလားနဲ့ခေါ်လိုက်တာပဲလိုချင်မိတယ် ဒါမှည့်လေးကိုစပြီးမြတ်နိုးမိတဲ့အချိန်ကစပြီးသူ့ဘက်ကစပြီးအလျှော့ပေးမိခြင်း ဘယ်အရာကိုမှအလျှော့မပေးဖူးဘဲအနိုင်လိုချင်မိတဲ့သူကမှည့်လေးဆိုတဲ့ကောင်လေးကိုချစ်မိသွားမှအလျှော့ပေးချင်စိတ်အလိုလိုဖြစ်ပေါ်လာတာမဆန်းပါဘူးဗျာ
အော်အချစ်~အချစ်~ အမြဲတမ်းအနိုင်ပဲရချင်နေတဲ့ကျားလိုခြင်္သေ့လိုလူမျိုးကိုလည်းအချစ်ဆိုတဲ့အရာကြီးကနူးညံ့သိမ်မွေ့ပြီးအချစ်စကားနုနုလေးတွေပြောတက်လာစေတဲ့အထိနူးညံ့သိမ်မွေ့တဲ့ယုန်သူငယ်လေးတစ်ကောင်အထိဖြစ်စေပါလား
အချစ်ဆိုတဲ့အရာရဲ့မေတ္တာစွမ်းအားကြီးမားပုံကကိုယ်နဲ့တိုက်မဲ့ရန်သူတစ်ယောက်ဖြစ်နေပစေအချစ်နဲ့ထိတွေ့လိုက်တဲ့အခါမှာဘယ်လောက်ပဲကိုယ့်နဲ့တိုက်ခိုက်ရမဲ့ရန်သူတော်ကြီးဖြစ်ပါစေကိုယ့်ဘက်ကစချစ်မိ တော့လည်းအလိုလိုအလျှော့ပေးပြီးအသေခံဖို့အထိဆုံးဖြတ်ချက်တွေခိုင်မာမိတယ်ဆိုတာအလကားပြောခဲ့တာတွေမဟုတ်ဖူးဘဲ
YOU ARE READING
Owner Of Mole (OOM) (Completed)
RomanceYiZhan❗Not ZhanYi❗ ကြယ်လေးရဲ့5ပုဒ်မြှောက် yizhan ficလေးပါရှင့် ဒီတခါတမူထူးခြားစွာTime travelပုံစံမျိုးလေးရေးဖို့လုပ်ထားပါတယ် အားလုံးပဲအားပေးကြပါအုံးနော် love you all readers #photo crd