ep33💜

2.3K 174 9
                                    

(Unicode)

"ဟင် ဒါဆိုမှည့်လေးတို့လည်းပြန်ချိန်ကြပြီပေါ့....."

"အွန်းဟုမယ်ထင်တယ် ကိုမှည့်လေးနဲ့မခွဲနိုင်သေးဘူးကွာ ဘာလို့ခုလိုလက်ထပ်ပြီးတန်းပြန်ချိန်ရောက်ရတာလဲ"

"အော်ကိုရယ်မှည့်လေးလည်းမခွဲချင်ပါဘူး ခုလိုလောလောလပ်လပ်မင်္ဂလာဆောင်ပြီးတဲ့အချိန်မှာဘယ်ပြန်ချင်ပါ့မလဲ ဒါမဲ့လည်းပြန်သင့်တဲ့အချိန်မလို့ပြန်ခွင့်ပြုတာထင်တယ် မှည့်လေးထင်တာတစ်ခုရှိတယ် အရင်ဇာတ်ကောင်တွေကပျော်ပျော်ရွှင်ရွှင်နဲ့လက်ထပ်ပွဲဆင်နွဲဖို့ဆန္ဒရှိခဲ့ကြတာထင်တယ် မှည့်လေးတို့ကခုလက်ထပ်ပြီးဆိုတော့သူတို့ရဲ့ဆန္ဒတွေပြည့်၀သွားတော့ပြန်လမ်းပွင့်သွားတယ်ထင်ပါတယ်ကိုရယ်"

"ဟုတ်မယ် ဒါမဲ့သူတို့ဆန္ဒပြီးသွားလည်းကိုမှမှည့်လေးနဲ့မခွဲနိုင်တာ ဂျပန်ကိုဟန်နီးမွန်းထွက်တာဘာမှလည်းမလည်ရသေးဘူးလေ ဒီတိုင်းကြီးမှမပြန်ချင်တာကိုလို့"

"ကဲပါကိုရယ်ကလေးလိုစိတ်အလိုမကျဖြစ်နေပြန်ပြီ ကိုကမှည့်လေးကိုမခွဲနိုင်လည်းဟိုပြန်ရောက်ရင်လာရှာပေါ့ မှည့်လေးကိုကိုကသိတာပဲကို ဂျပန်ရောက်ပြီးမလည်ရဘူးလို့ဘယ်သူပြောလည်း ခုချက်ချင်းပြန်ရမှာမှမဟုတ်သေးတာ ရတဲ့အချိန်လေးလည်ကြမယ်လေ "

"တကယ်ပြောတာနော် အဲ့ဆိုခုအင်္ကျီလဲပြီးလည်ကြမယ် မှည့်လေးပြောသလိုရ‌သလောက်နေရာအနှံ့လည်ကြမယ် Guideလည်းမခေါ်တော့ဘူး ကိုတို့နှစ်ယောက်တည်းလျှောက်လည်ကြမယ်"

"အွန်းအွန်းမခေါ်နဲ့ နှစ်ယောက်တည်းလည်ကြမယ် ကိုဟိုအင်္ကျီအကွက်လေးလဲလိုက်နော် ဆင်တူ၀တ်မယ် ပြီး‌တော့ဦးထုပ်အနက်လေးရော"

"အိုခေ အိုခေ"

ရိပေါ်နဲ့ရှောင်းကျန့်တို့နှစ်ယောက်ရဲ့အတွေးတွေကထပ်တူ‌ကြနေခဲ့တယ်

'ကျန်တဲ့အချိန်လေးမှာခွဲရမှာမလို့၀မ်းနည်းမနေဘဲပျော်ပျော်ကြီးပဲကုန်ဆုံးလိုက်မယ်'

နှစ်ယောက်သားအင်္ကျီလဲပြီးလက်လေးတွေတွဲကာဟိုတယ်ကထွက်လာလိုက်တယ်

Owner Of Mole (OOM) (Completed)Opowieści tętniące życiem. Odkryj je teraz