(Unicode)
အပြင်ဘက်ကောင်းကင်ကြီးမှာလင်းလက်နေသလောက်ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးတစ်လုံးရဲ့အခန်းတွင်းတခုကတော့အမှောင်ထုကြီးစိုးနေတယ်ထင်ရလောက်အောင်မှောင်မိုက်နေလေသည်
အခန်းထဲမှာလည်းမှောင်မိုက်နေပြီးတော့'တောက် တောက်'ဆိုတဲ့အသံတွေကလွဲပြီးဘာအသံမှမကြားရ
အဲ့လိုမှောင်မိုက်နေတဲ့အခန်းထဲမှာတော့မိန်းမငယ်လေးတစ်ဦးဟာ'တောက် တောက် တောက် တောက်.....'ဆိုတဲ့အသံတွေပေါ်ထွက်လာအောင်လုပ်ဆောင်နေတဲ့တစ်ဦးတည်းသောသူတစ်ယောက်
ဘယ်သူပဲဖြစ်ဖြစ်ဒီမှောင်မိုက်နေတဲ့အခန်းရှေ့ကဖြတ်လျှောက်မိသွားရင်ဘယ်လောက်ပဲမကြောက်တက်သူဆိုတဲ့သူတွေ သတ္တိရှိလှပါတယ်ဆိုတဲ့သူတွေတောင်အနည်းငယ်တော့ကြက်သီးထမိမှာအမှန်ပင်
ဒါဆိုဒီမိန်းမငယ်လေးကရောဘာလို့ဒီအခန်းတွင်းမှာရှိနေပြီးဒီလိုခြောက်ခြားစရာအသံတွေကိုဖန်တီးနေတာလဲ ဒီအကြောင်းအရာကိုတော့ကြောက်စရာအသံတွေဖန်တီးနေတဲ့မိန်မပျိုလေးကိုယ်တိုင်ရယ် ဒီအိမ်နဲ့သက်ဆိုင်သူတွေပဲသိပါလိမ့်မယ်
"ဟာ....ဇာတ်သိမ်းခန်းရောက်ခါနီးလေးဘာဆိုဘာမှမတွေးတောနိုင်တော့တာလဲ ဘာလို့လဲ...?"
'တောက်~ တောက်~ တောက်.ဆိုတဲ့အသံတွေရပ်သွားပြီးမိန်းကလေးရဲ့စကားသံတစ်ခွန်းကပဲထပ်မံကြီးစိုးသွားပြန်တယ်
အဲ့မိန်းကလေးပြောတဲ့ဇာတ်သိမ်းခန်းဆိုတာကရောဘာလဲ...?
နောက်ပြီးဘာကိုကောမတွေးတောနိုင်ဘူးလို့ပြောနေရတာလဲ....?
အဲ့မိန်းကလေးကရောဇာတ်သိမ်းခန်းတစ်ခုမစဉ်းစားနိုင်တာကိုဘာလို့အဲ့လောက်ထိစိတ်တိုနေရတာလဲ.....?
အဲ့ဇာတ်သိမ်းခန်းကရောဘယ်လောက်များအရေးကြီးနေတာမလို့လှပလွန်းတဲ့မိန်းကလေးကိုမျက်မှောင်တွေကြုံ့ပြီးစိတ်တိုတဲ့ထိဖြစ်စေတာလဲ.....?
ဒီလိုအတွေးတွေရောခြောက်ခြားစရာတွေအားလုံးကိုရပ်တန့်သွားစေတဲ့တစ်ခုတည်းသောအရာကတော့
"မမလေးခုထိအဆုံးသတ်ကိုရေးလို့မရသေးဘူးလား"
"ဟုတ်တယ်ရာရာရယ် ငါဒီဇာတ်သိမ်းခန်းရောက်ခါနီးလေဘာမှကိုခေါင်းထဲကပေါ်မလာဘူးဟ နောက်ပြီးဒီ၀တ္ထုလေးပြီးသွားမှာကိုစိတ်ထဲလေးနေသလိုပဲ ငါအရင်၀တ္ထုတွေတုန်းကတောင်သေချာဇာတ်သိမ်းနိုင်သေးတာပဲ ဒီ၀တ္ထုကျမှဘယ်လိုဖြစ်နေတာလဲမသိပါဘူးဟယ်"

YOU ARE READING
Owner Of Mole (OOM) (Completed)
RomanceYiZhan❗Not ZhanYi❗ ကြယ်လေးရဲ့5ပုဒ်မြှောက် yizhan ficလေးပါရှင့် ဒီတခါတမူထူးခြားစွာTime travelပုံစံမျိုးလေးရေးဖို့လုပ်ထားပါတယ် အားလုံးပဲအားပေးကြပါအုံးနော် love you all readers #photo crd