(Unicode)
ရှောင်းကျန့်မီးတောင်ကြီးလိုနီရဲပြီးမျက်နှာလေးနီရဲနေတာပျောက်မှရိပေါ်ရှိတဲ့ဘက်ကိုလှည့်ကြည့်လိုက်တယ်
သူလှည့်ကြည့်နေတော့မှန်ရှေ့မှာအပီအပြင်ရှိုင်းနေတဲ့ချစ်ရသူကြီးကိုတွေ့လိုက်ရတယ်
အဲ့တာနဲ့ဆေးရုံလေးသွားရမှာကိုဒီလောက်ထိပြင်နေရကောင်းမလားဆိုပြီးမှန်ထဲကမြင်ရမှန်းသိလို့စိုက်ကြည့်နေလိုက်တယ်
စိုက်ကြည့်ခံနေရမှန်းမသိတဲ့ရိပေါ်တစ်ယောက်ကတော့မှန်ရှေ့ဆက်ပြီးရှိုင်းနင်းဂွိုင်းနင်းလုပ်နေတုန်းပါပဲ
စိုက်ကြည့်နေတာကြာတော့ကျောချမ်းလာတယ်ထင်ပါရဲ့ ဘေးပတ်လည်ကိုလိုက်ကြည့်နေတဲ့ရိပေါ်ပါလေ ဘယ်နားကလေတိုးနေသလဲပေါ့လေ
'နေရင်းထိုင်ရင်းကျောချမ်းလာပါလား ဘယ်နားကလေအဲ့လောက်ထိတိုက်နေတာလဲမသိဘူး တော်သေးတယ်မနက်ဖြစ်နေလို့ ညဆိုရင်သေချာတယ်သရဲပဲ ဒါမဲ့မနက်လည်းသရဲခြောက်နိုင်တာပဲ ငါလေးဘာမှလုပ်ဖူးနော်မှည့်လေးကိုကြည့်ချင်ရုံတင်ပဲလေ သရဲမရေအမျှ အမျှ အမျှ'
သူတွေးချင်တာတွေးပြီးမရှိတဲ့သရဲမကိုအမျှတွေဝေနေတဲ့ရိပေါ်ပါလေ
ရှောင်းကျန့်တစ်ယောက်စိတ်မရှည်တော့
'ငါအဲ့လောက်ထိစိုက်ကြည့်နေတာတောင်မှန်ကြည့်မပျက်ပါလား ဟင်း~~~~ ငါလေးစိတ်ရှည်တယ်နော်'
ရှောင်းကျန့်လည်းရိပေါ်ရပ်နေတဲ့မှန်လေးနားသွားပြီးနောက်တည့်တည့်ရပ်ပြီးထပ်စိုက်ကြည့်လိုက်တယ် ဒါမှမမြင်ရင်လည်းသူဆေးရုံသွားရင်ရိပေါ်ကိုပါမျက်စိစစ်ခိုင်းလိုက်တော့မယ်
ရိပေါ်သူ့အတွေးနဲ့သူသရဲမကိုအမျှဝေနေတုန်းနောက်ကသူ့ကိုစိုက်ကြည့်ပြီးလာရပ်တာကြောင့်လန့်ပြီးပေါက်ပန်းလေးဆယ်တွေအော်ပလိုက်တယ်
"အမလေးမှည့်လေးနဲ့ငါနဲ့ညား မှည့်လေးရေချိုးပြီးပုံကိုတသက်လုံးထိုင်ကြည့် "
"လန့်လိုက်တာမှည့်လေးရယ် ဘာလို့နောက်ကနေစိုက်ကြည့်နေတာလဲ ကို့မှာလန့်သွားတာပဲ ကို့ရဲ့လိပ်ပြာလေးတွေကလူ ကလူ "
VOUS LISEZ
Owner Of Mole (OOM) (Completed)
Roman d'amourYiZhan❗Not ZhanYi❗ ကြယ်လေးရဲ့5ပုဒ်မြှောက် yizhan ficလေးပါရှင့် ဒီတခါတမူထူးခြားစွာTime travelပုံစံမျိုးလေးရေးဖို့လုပ်ထားပါတယ် အားလုံးပဲအားပေးကြပါအုံးနော် love you all readers #photo crd