(Unicode)
"မမကဘယ်လိုရောက်လာတာလဲဆိုတော့ကာ....."
Flesh back to Yibo accident night...
ရိပေါ်ကားအက်စီးဒင့်ဖြစ်တဲ့ညနေလောက်မှာပဲသူ့အမတစ်၀မ်းကွဲဖြစ်သူကျို့ရှင်းတစ်ယောက် လပ်တော့ကသူစာရိုက်လိုက်တိုင်းပျောက်ပျောက်သွားတာမလို့ကြောင်နေတယ်ထင်ပြီးအသစ်တစ်လုံး၀ယ်ဖို့အိမ်ကပိုက်ဆံအိတ်လေးယူပြီးထွက်လာလိုက်တယ်
"ဟူး ဒီနေ့မှပဲရာသီဥတုကအေးစိမ့်စိမ့်နဲ့ဘာဖြစ်နေတာလဲမသိဘူး ကြက်သိမ်းထလိုက်တာနော် ဒါမှန်းသိရာရာကိုခေါ်လာခဲ့ပါတယ် လပ်တော့အသစ်၀ယ်ချင်စောနဲ့ထွက်လာလိုက်တာညနေကလည်းစောင်းနေပြီ မဖြစ်သေးပါဘူးမြန်မြန်သွား မြန်မြန်၀ယ်ပြီးမြန်မြန်ပြန်ရမယ် "
ကျို့ရှင်းလည်းခပ်သွက်သွက်လမ်းလျှောက်ပြီးသွားလိုက်တယ်
ဟုတ်တယ်လေကြောက်တာပေါ့ညနေကနေလည်း၀င်နေပြီ ပြီးတော့မိန်းကလေးတစ်ယောက်တည်းအပြင်ထွက်လာတာဆိုတော့နည်းနည်းတော့ကြောက်မိတာအမှန်ပဲလေ
"အမလေးကြက်သိမ်းထနေပါတယ်ဆိုလေကလည်းတိုက်လာပြန်ပြီ ငါမကြောက်တက်ပါဘူးတစ်ယောက်တည်းမလို့နည်းနည်းကြောက်စိတ်၀င်နေတာ ဟုတ်တယ်နည်းနည်းလေးပဲ"
ကျို့ရှင်းလည်းသူ့ကြောက်စိတ်ကိုဖုံးကွယ်ပြီးသတ္တိမွေးကာမြန်မြန်လျှောက်လိုက်တယ်
သူလည်းလပ်တော့ရောင်းတဲ့ဆိုင်ကြီးတွေ့တာမလို့အမြန်သွက်သွက်လေးလျှောက်သွားလိုက်တယ် ဒါမဲ့သူဖြတ်သွားရမဲ့နေရာကမီးတိုင်ကပျက်နေတယ် ဒါကြောင့်အဲ့ပျက်နေတဲ့မီးတိုင်အောက်ကနေမြန်မြန်သွားဖို့ဆုံးဖြတ်လိုက်တယ်
"ငါလေးဒီနေ့တော်တော်ကံမကောင်းပါလား တစ်ယောက်တည်းလည်းဇိုးကနဲဇွက်ခနဲထွက်လာမိတယ် ဟောခုဆိုင်နားရောက်ခါနီးတော့လည်းမီးတိုင်ကပျက်နေပြန်ရော ဘယ်လိုတောင်ကံကောင်းတဲ့ငါပါလိမ့်"
ကျို့ရှင်းလည်းစိတ်ပေါက်ပေါက်နဲ့ပြောပလိုက်တယ် ဟုတ်တယ်လေသူတော်တော်စိတ်အချဉ်ပေါက်နေပြီ အိမ်ကလပ်တော့ကကြောင်နေတာတမျိုး လမ်းမီးတိုင်ကပျက်နေတာကတမျိုး တော်တော်လေးစိတ်တိုနေတယ်
YOU ARE READING
Owner Of Mole (OOM) (Completed)
RomanceYiZhan❗Not ZhanYi❗ ကြယ်လေးရဲ့5ပုဒ်မြှောက် yizhan ficလေးပါရှင့် ဒီတခါတမူထူးခြားစွာTime travelပုံစံမျိုးလေးရေးဖို့လုပ်ထားပါတယ် အားလုံးပဲအားပေးကြပါအုံးနော် love you all readers #photo crd