(Unicode)
နေ့ခင်းထမင်းစားပြီးတော့ရိပေါ်လည်းသူ့အမကိုတိုင်ပင်ရန်သူ့အမအခန်းကိုသွားလိုက်တယ်
'ဒေါက် ဒေါက် ဒေါက်'
"ဘယ်သူလဲ "
"ကျွန်တော်ပါရိပေါ်"
"အော်မောင်လေးလား ၀င်ခဲ့လေ တံခါးလော့ချမထားဘူး ၀င်ခဲ့"
"ဟုတ်မမ"
ရိပေါ်လည်းအခန်းတံခါးဖွင့်ပြီး၀င်သွားလိုက်တယ် သူ၀င်သွားတော့စာရင်းစာရွက်တွေနဲ့အလုပ်ရှုပ်နေတဲ့အမဖြစ်သူကိုတွေ့လိုက်ရတယ်
"မမအလုပ်ရှုပ်နေတာလား မအားရင်ကျွန်တော်နောက်မှပဲပြောတော့မယ်လေ "
"ရတယ်မောင်လေးပြောလို့ရတယ် လချုပ်စာရင်းတွေစစ်နေတာ ပြီးတော့မှာပြောလို့ရတယ် "
"ဟုတ်ကျွန်တော်လည်းအရေးကြီးကိစ္စပြောမလို့မမဆီလာလိုက်တာ "
"ဆိုစမ်းပါအုံးဘာအရေးကြီးကိစ္စငါ့မောင်ရဲ့"
"ဟိုလေကျွန်တော်ရှောင်းကျန့်ကိုစကားပြန်ပြောနိုင်အောင်ကုပေးချင်တယ် ရှောင်းကျန့်ကလည်းစကားပြန်ပြောချင်တယ်တဲ့ သူပထမဆုံးသူ့ဘက်ကကျွန်တော့်ကိုတောင်းဆိုတာမလို့ကုပေးချင်တယ်မမရယ်"
"အွန်းမမလည်းရှောင်းကျန့်ဘက်ကိုစာနာပါတယ် သူလည်းစကားပြန်ပြောချင်ရှာမှာပေါ့ မောင်လေးခုလာတာတိုင်ပင်တယ်ဆိုတာထက်လာပြောပြတာမလား"
"အယ်မမကဘယ်လိုသိတာလဲ "
"သိတာပေါ့မောင်လေးရယ် မမကမောင်လေးကအရင်မွေးပြီးထမင်းအရင်စားလာတာပါကွာ မမသိတာပေါ့ ငါ့မောင်အကောင်းတကာ့အကောင်းဆုံးဆရာ၀န်တွေရှာနေတယ်ဆိုတာမမသိတာပေါ့ ဒါကြောင့်ရှောင်းကျန့်ကိုတန်းကုမပေးသေးဘူးအချိန်အကြာကြီးယူနေတာမလား"
"ဟဲဟဲဟုတ်တယ်မမ မမကအတော်ဆုံးပဲ ကျွန်တော်ကရှောင်းကျန့်ကိုအကောင်းဆုံးဆရာ၀န်တွေနဲ့ပဲကုပေးချင်တာ မကျွမ်းကျင်တဲ့ဆရာ၀န်နဲ့ကုမိလို့ရှောင်းကျန့်တစ်ခုခုဖြစ်သွားမှာမလိုလားဘူး ရှောင်းကျန့်တစ်ခုခုဖြစ်သွားခဲ့ရင်ကျွန်တော်ရင်နာလို့မဆုံးဖြစ်ပြီးရင်ကွဲပြီးသေမှာ အဲ့တာကြောင့်ရှောင်းကျန့်စကားပြန်ပြောချင်တယ်ပြောတည်းကအကောင်းတကာ့အကောင်းဆုံးဆရာ၀န်ကိုရှာနေတာမလို့တစ်လလောက်ကြာသွားတာ ခုတော့ရှာတွေ့သွားပြီမလို့မမကိုလာပြောပြတာ"
![](https://img.wattpad.com/cover/249160354-288-k326755.jpg)
YOU ARE READING
Owner Of Mole (OOM) (Completed)
RomanceYiZhan❗Not ZhanYi❗ ကြယ်လေးရဲ့5ပုဒ်မြှောက် yizhan ficလေးပါရှင့် ဒီတခါတမူထူးခြားစွာTime travelပုံစံမျိုးလေးရေးဖို့လုပ်ထားပါတယ် အားလုံးပဲအားပေးကြပါအုံးနော် love you all readers #photo crd