(Unicode)
ရိပေါ်ကတော့အ၀တ်တွေဗီဒိုထဲပြောင်းထည့်နေရင်းအတွေးတစ်ခုခေါင်းထဲရိတ်ခနဲပေါ်လာတာမလို့ပြုံးလိုက်မိတယ်
'ခုငါနဲ့မှည့်လေးကအ၀တ်တွေကိုဗီဒိုထဲအတူတူထည့်နေတာဆိုတော့မသိရင်လင်မယား အဲလင်လင်နှစ်ယောက်အ၀တ်အတူထည့်သိမ်းနေတာကြနေတာပဲ ငါခုတွေးလိုက်တာကမှည့်လေးကိုလက်ထပ်ပြီးအကြင်လင်နေရာအဖြစ်ထိတောင်တွေးမိလိုက်တာပဲ ရိပေါ် ရိပေါ် မင်းမှည့်လေးအပေါ်တော်တော်တွေဖြစ်နေတာပဲ'
ရှောင်းကျန့်လည်းအ၀တ်ထည့်နေရင်းဘေးနားကသခင်လေးပြုံးနေတာကိုကြည့်ရင်သူပါလိုက်ပြုံးမိတယ်
'သခင်လေးကိုစပြီးသတိရလာတည်းကပြုံးတာတခါမှမတွေ့သေးဘူး ပြုံးနေရင်ကြည့်ကောင်းမှာပဲလို့တွေးမိလိုက်တယ် ခုပြုံးနေတော့လည်းကြည့်ကောင်းတာထက်တောင်ပိုသေး ချောလိုက်တာဗျာ သခင်လေးဒါနဲ့များဘာလို့အမြဲမပြုံးတာပါလိမ့် ငါနဲ့များကွာပ ငါကအမြဲတစေပြုံးနေတာ ဒါနဲ့သခင်လေးဘယ်သူ့ကိုများသတိရပြီးပြုံးနေပါလိမ့် နိုင်ငံခြားမှာလည်းတစ်ယောက်ယောက်နဲ့အ၀တ်တူတူထည့်ဖူးတဲ့အမှတ်တရများရှိလာလို့ပြန်တွေးမိပြီးပြုံးနေတာများလား အိုသခင်လေးဘာသာဘယ်လိုကြောင့်ပဲပြုံးပြုံးငါနဲ့မှမဆိုင်တာ ရှောင်းကျန့်ရေတွေးမနေနဲ့အ၀တ်သာကူထည့်'
ဒါမဲ့ရှောင်းကျန့်ကတော့အတွေးနဲ့လက်တွေ့တစ်ခြားစီလုပ်လိုက်ပါတယ်
ရှောင်းကျန့်လည်းသခင်လေးရဲ့လက်မောင်းကိုတို့ပြီးခေါ်လိုက်တယ်
ရိပေါ်လည်းမှည့်လေးလက်တို့လိုက်မှပဲတွေးနေတဲ့အတွေးကနေထွက်လာတော့တယ်
"ဟင်ဘာလဲရှောင်းကျန့် အနာကနာလာလို့လား"
ရှောင်းကျန့်လည်းခေါင်းခါပြပြီးသခင်လေးကိုလက်ညိုးထိုးပြပြီးပါးစပ်နဲ့စကားပြောချင်သလိုလုပ်ပြလိုက်တယ်
"ကိုယ့်ကိုတစ်ခုခုပြောမလို့လား "
ရှောင်းကျန့်ထပ်ခေါင်းခါပြတယ်
"ပြောမှာမဟုတ်ရင်ကိုယ့်ကိုမေးစရာရှိလို့လား"
ရှောင်းကျန့်လည်းခေါင်းငြိမ့်ပြလိုက်တယ်

ESTÁS LEYENDO
Owner Of Mole (OOM) (Completed)
RomanceYiZhan❗Not ZhanYi❗ ကြယ်လေးရဲ့5ပုဒ်မြှောက် yizhan ficလေးပါရှင့် ဒီတခါတမူထူးခြားစွာTime travelပုံစံမျိုးလေးရေးဖို့လုပ်ထားပါတယ် အားလုံးပဲအားပေးကြပါအုံးနော် love you all readers #photo crd