(Unicode)
ရိပေါ်လည်သူ့ရဲ့မှည့်လေးကိုဘေးတစောင်းအနေအထားနဲ့တစိမ့်စိမ့်ကြည့်နေတုန်းမှာပဲမှောက်အိပ်နေရတာတမျိုးဖြစ်လို့ထင်ပါရဲ့ပက်လက်အနေအထားကိုပြောင်းဖို့လုပ်နေတဲ့မှည့်လေးကိုလှမ်းထိန်းရတယ်
"မှည့်လေးရယ်ဒီလိုပက်လက်ကြီးလှန်လိုက်မှတော့မှည့်လေးရဲ့ကျောကဒဏ်ရာတွေကနာမှာပေါ့လို့ အင်းးး မှောက်အိပ်ရညောင်းလို့လားဟင်"
"........."
ရိပေါ်တစ်ယောက်ကတော့သတိမရသေးတဲ့သူကိုစကားတွေပြောလိုက်မေးလိုက်လုပ်လိုက်လုပ်နေတယ်
"မှည့်လေးပက်လက်အိပ်လို့လည်းရအောင်ကျောကဒဏ်ရာတွေလည်းမနာအောင်.....🤔"
ရိပေါ်လည်းသူ့ရဲ့မေးစေ့လည်းကိုပွတ်ပြီးစဉ်းစားခန်းဖွင့်နေလိုက်တယ် ပြီးမှအကြံရသွားသည်ထင်တယ် မျက်နှာကြီးကိုပြုံးလို့
'ဟဲဟဲငါဆိုတဲ့ရိပေါ်အကြံအကောင်းဆုံးပဲ'
ရိပေါ်လည်းသူ့အကြံနဲ့သူဘေးတစောင်းအနေအထားကနေအတည့်ပုံစံပြန်ထိုင်ပြီးခေါင်းအုံးလေးကိုသူ့အနားယူထားပြီးသူ့ရဲ့မှည့်လေးမနိုးရအောင်သေချာလက်မောင်းနှစ်ဖက်ကိုသေချာကိုင်ကာသူ့လက်တစ်ဖက်ကိုအောက်ကခံကာပက်လက်လေးဖြစ်အောင်နည်းနည်းလှည့်လိုက်တယ်
ပြီးတော့သူ့ရဲ့သန်မာလှတဲ့လက်နှစ်ဖက်နဲ့မှည့်လေးရဲ့လည်ပင်းနားနဲ့လက်တဖက်ခါးနားကိုလက်တဖက်နဲ့မလိုက်ပြီးသူ့ရင်ခွင်ထဲကိုထည့်လိုက်သည် ပြီးတော့မှည့်လေးကျောမနာရအောင်အနားကိုအသင့်ယူထားတဲ့ခေါင်းအုံးလေးကိုကျောနားကိုခုထားလိုက်တယ် ခေါင်းအုံးကပျော့တော့အနည်းဆုံးဆော့မှည့်လေးရဲ့ကျော်ကဒဏ်ရာတွေမနာတော့ဘူးပေါ့
သု့ရင်ခွင်ထဲကမှည့်လေးကတော့သတိမရသေးတာလားဇိမ်ယူနေတာလားမသဲကွဲတော့ဘူး အွန်းပေါ့လေသတိမေ့သွားတည်းကမှောက်အိပ်နေတော့လည်းညောင်းပြီပေါ့ ခုမှနေသာထိုင်သာရှိသွားပုံရတယ်
ရိပေါ်သူ့ရင်ခွင်ထဲကိုထည့်တုန်းကမှည့်လေးရဲ့ဆံပင်လေးကနည်းနည်းမှည့်လေးရဲ့မျက်နှာပေါ်ကျသွားတယ်ထင်တယ်
![](https://img.wattpad.com/cover/249160354-288-k326755.jpg)
YOU ARE READING
Owner Of Mole (OOM) (Completed)
RomanceYiZhan❗Not ZhanYi❗ ကြယ်လေးရဲ့5ပုဒ်မြှောက် yizhan ficလေးပါရှင့် ဒီတခါတမူထူးခြားစွာTime travelပုံစံမျိုးလေးရေးဖို့လုပ်ထားပါတယ် အားလုံးပဲအားပေးကြပါအုံးနော် love you all readers #photo crd