ep35💜

2.7K 213 10
                                    

(Unicode)

"မောင်လေးဆရာ၀န်ကိုလည်းချေလွှတ်တာပဲနော် အဲ့တာရှောင်းကျန့်ကိုကုပေးနေတဲ့ဆရာ၀န်ဆိုတာလည်းသတိရအုံး ဟိုကနင့်လန့်ပြီးမကုဘဲနေရင်ဘယ်လိုလုပ်မလဲ"

"မကုပေးရင်နောက်တစ်ယောက်ရှာလိုက်မှာပေါ့ဘာခက်လို့လဲမမရယ်"

"အေးပါဟယ်နင့်တော့လက်လန်တယ် ရှောင်းကျန့်နိုးလာရင်သေချာချော့အုံးနော် သူတော်တော်စိတ်ထိခိုက်သွားလောက်တယ်"

"အွန်းပါကျွန်တော်သေချာချော့ပါမယ် အဲ့တာကျွန်တော်မမှတ်မိလို့ဖြစ်ရတာ အဲ့တော့ကျွန်တော့်အမှား ကျွန်တော်အော်မိလိုက်လို့မှည့်လေးအခုလိုဖြစ်ရတာ သူ့မှာကျွန်တော့်ဆေးရုံထိဖိနပ်မပါဘဲတောင်ပြေးလာရတာကိုကျွန်တော်ကပစ်ပစ်ခါခါပြောလိုက်မိတယ် ကျွန်တော်ဘယ်လိုစိတ်နဲ့များဟောဒီပါးစပ်ကြီးကပြောလိုက်မိတာလဲ သွားကွာ သွားကွာ"

ရိပေါ်သူ့ကိုယ်သူစိတ်တိုပြီးပြောလိုက်မတဲ့ပါးစပ်ကိုရိုက်နေတော့တယ်

"တော်ပါ‌တော့မောင်လေးရယ် ရှောင်းကျန့်ကိုသတိမရတာမောင်လေးအမှားမှမဟုတ်တာ ကံကြမ္မာအလိုကျပဲလေ ဒါမဲ့ထူးတော့ထူးဆန်းသားမမနဲ့ရှောင်းကျန့်ကျမှတ်မိတယ်မောင်လေးကျဘာလို့မမှတ်မိရတာလဲ ဒီတစ်ချက်တော့ထူးဆန်းတယ် မမကျလက်တော့သွား၀ယ်ပြီးတော်တော်နဲ့ပြန်မလာလို့ရာရာကလိုက်ခေါ်တာ မမမေ့လဲနေတာတွေ့လို့အိမ်ပြန်ခေါ်လာတာတဲ့ မမနိုးတော့ဘာမှတော့မမှတ်မိဘူး ဒါမဲ့စာရိုက်ဖို့လပ်တော့ပြန်ကိုင်လိုက်မှအကုန်သတိရလာတာ ရှောင်းကျန့်လည်းအဲ့လိုပဲထင်တယ် သူကမမရဲ့၀တ္ထုကိုဖတ်တာဆိုတော့ဖုန်းဖြစ်ဖြစ်တစ်ခုခုကိုင်လိုက်လို့သတိရနေတာဖြစ်မယ် မောင်လေးကျတော့ဆေးရုံမှာဆိုတော့ဘာမှလည်းမကိုင်ရဘူးလေ ပြီးတော့၀တ္ထုနဲ့ဆက်စပ်မှုမရှ်ဘဲရောက်လာတဲ့သူဆိုတော့မမှတ်မိတာမဆန်းပါဘူးလေ"

"အွန်းအဲ့လိုပဲထင်တာပဲမမရယ် ကျွန်တော်ပဲမမှတ်မိတာကိုတော့သိပ်အလိုမကျဘူး တော်သေးတာပေါ့အချိန်မှီမှတ်မိလို့မဟုတ်ရင်မှည့်လေးဘယ်ချိန်ထိမိုးရေထဲမေ့လဲနေမလဲမသိဘူး"

Owner Of Mole (OOM) (Completed)Onde histórias criam vida. Descubra agora