ep5💜

8.1K 673 21
                                    

(Unicode)

'ကိုယ်မင်းကိုကူညီပါ့မယ် ကိုယ့်ရဲ့မှည့်လေး'

ရိပေါ်လည်းသူ့အတွေးနဲ့အညီလက်တွေ့မှာလည်းသူ့မမလက်ထဲကမှည့်လေးကိုရိုက်နေတဲ့တုတ်ကိုဆက်ခနဲလုယူလိုက်တယ်

သူတုတ်ကိုလုယူလိုက်လို့သူ့အမကခဏတာကြောင်ပြီးသူ့ကိုကြည့်နေသည် ပြီးမှသတိ၀င်လာတယ်ထင်ပါတယ်

"ငါ့မောင်မဆိုင်တာကိုဘာလို့၀င်ပါနေရတာလဲ အမကို့ခုချက်ချင်းအဲ့တုတ်ပြန်ပေးစမ်း အပြစ်ရှိတဲ့သူကိုအပြစ်ပေးရမှာပဲ"

"အဲ့အပြစ်ကဘယ်လောက်တောင်ကြီးနေလို့ခုလိုသွေးထွက်သံယိုဖြစ်တဲ့အထိရိုက်နေရတာလဲမမ ပြီးတော့အပြစ်‌ပေးတယ်ဆိုလည်းတုတ်နဲ့ရိုက်စရာလိုလို့လား ခုခေတ်သူငယ် တန်းကလေးတွေတောင်စကားနားမထောင်ရင်တုတ်နဲ့ရိုက်တဲ့ခေတ်မရှိတော့ဘူး သေချာရှင်းပြပြီးနားလည်အောင်ပြောတဲ့ခေတ်ဖြစ်နေပြီမမရဲ့ ခုဟာသူငယ်တန်းကလေးလည်းမဟုတ်ဘူးအရွယ်ရောက်ပြီးသားကောင်လေးတစ်ယောက်ကိုခုလိုရိုက်နှက်ဆုံးမနေတာတော့မဟုတ်သေးပါဘူးမမရယ်"

'ငါ့ရဲ့နိုင်ငံခြားပြန်မောင်လေးပြောတာလည်းဟုတ်ပါတယ် ငါအရွယ်ရောက်ပြီးသားတစ်ယောက်ကိုရိုက်နှက်နေတာသူမပြောနဲ့ငါဆိုးလည်းရှက်မိမှာပဲ ဟူးငါလေးလည်းမရိုက်ချင်ပါဘူးနိုင်ငံခြားပြန်ငါ့မောင်ရယ် ဒါမဲ့လည်းငါလည်း၀တ္ထုထဲကအတိုင်းလိုက်လုပ်နေရတာလေ ငါတောင်ဒီ၀တ္ထုနဲ့အကျွမ်းတဝင်ဖြစ်နေလို့ငါနည်းနည်းပြောင်းလဲနေတာကိုမသိကြတာငါ့မောင်ရဲ့ ငါရိုက်နေတဲ့တယောက်ကလည်းအမှန်တကယ်ကောင်မလေးဖြစ်ရမှာကောင်လေးမဟုတ်ရဘူးလေ ဒီ၀တ္ထုဘယ်လိုတွေတောင်ပြောင်းသွားရတာလဲ ငါလေးလည်းဒီ၀တ္ထုထဲကိုဘုမသိဘမသိနဲ့ရောက်လာတာလို့သာအော်ပြောလိုက်ချင်တယ် ဒါနဲ့နိုင်ငံခြားပြန်ငါ့မောင်ဆိုတဲ့တစ်ယောက်ကိုငါရင်းနှီးနေသလိုပဲ ဘယ်သူပါလိမ့်ဟယ် တစ်ယောက်ယောက်လာရှင်းပြကြပါအုံး ငါလေးဒီ၀တ္ထုကနေပြန်ထွက်ချင်တယ်လေ နည်းလမ်းလေးဘာလေးမရှိကြဘူးလားမသိ ငါ့မှာအလုပ်တွေအများကြီးရှိ‌သေးတယ်ဟ အားယားမနေဘူး‌ဟေ့ဂယ်ပဲ'

Owner Of Mole (OOM) (Completed)Where stories live. Discover now