ep30💜

2.4K 164 13
                                    

(Unicode)

မနက်ခင်းထပြီးတည်းကတက်ကြွနေတဲ့ရှောင်းကျန့်ပါလေ

မနက်ခင်းအိပ်ရာထတော့လည်းချစ်ရသူရဲ့ရင်ခွင်နွေးနွေးလေးထဲကနေပြီးထရတယ် ပြီးတော့ချစ်ရသူကိုအနမ်းဖွဖွလေးပေးပြီးနှိုးတယ် မျက်နှာသစ်သွားတိုက်ခြင်းကိုလည်းအတူတူလုပ်တယ် ဒီလိုမနက်ခင်းမှမသာယာမတက်ကြွဘဲနေရင်ဘယ်ချိန်တက်ကြွနေရမလဲ

ပြီးတော့ဒီနေ့ဟင်းချက်ရတာလောက်ပျော်နေတာမရှိဘူး ဘာလို့ဆိုနေ့လည်ကျချစ်ရသူရဲ့ကုမ္ပဏီဆီသွားပြီးနေ့လည်စာထမင်းချိုင့်လေးသွားပို့ရမည်လေ အဟိခုတော့ချက်လိုက်အုံးမယ်

"ဟဲ့ကျန်းကျန်းနင်မီးဖိုချောင်ထဲ၀င်လာတည်းကပြုံးနေတာ ဘာလဲသခင်လေးကဘာပြောလိုက်လို့လဲ"

"ဘာမှပြောပါဘူးဟ နေ့လည်ကျနေ့လည်စာထမင်းချိုင့်သွားပို့မှာမလို့ပျော်နေတာ"

"အော်အဲ့သလိုလား မသိပါဘူးသခင်လေးများလက်ထပ်ခွင့်တောင်းလိုက်တာလားလို့"

"မဟုတ်ပါဘူးဟာ ရိပေါ်နဲ့ချစ်သူဖြစ်တာတစ်လကျော်ပဲရှိ‌သေးတာကိုလက်ထပ်ခွင့်တောင်းပါအုံးမလားကျင်းကျင်းရယ် နင်လည်းပြောတက်ပ"

"တစ်လကျော်ပဲရှိသေးလဲဘာဖြစ်လဲ တစ်ချို့ဆိုရည်းစားဖြစ်တာတစ်ပတ်ကျော်နဲ့မခွဲနိုင်ပါဘူးဆိုပြီးလက်ထပ်ကြတဲ့သူတွေများပေါလို့ နင်ရုပ်ကြီးကလည်းသခင်လေးလက်ထပ်ခွင့်တောင်းရင်တန်းလက်ခံမဲ့ရုပ်ကြီးပါဟယ်"

"ဟဲဟဲအဲ့တာတော့ဟုတ်တယ် ငြင်းစရာလား တန်းလက်ခံမှာပေါ့လို့ "

"တွေ့လားငါပြောတာဘယ်နေရာမှမမှားဘူး အဲ့လိုလက်ထပ်ခွင့်တောင်းတဲ့နေ့ကျရင်ငါ့ကျန်းကျန်းလေးလေပေါ်မြောက်နေမှာမြင်ယောင်သေးတယ်နော် ငါနင့်ကိုဆွဲထားဖို့ကျောက်တုံးတွေကြိုစုထားမှ "

"နင်ကျောက်တုံးတွေစုစရာမလိုပါဘူး ငါလေပေါ်‌ပါသွားရင်ရိပေါ်ကဖမ်းထားလိမ့်မယ်မပူနဲ့"

"အကျင့်မကောင်းတဲ့ကျန်းကျန်းစုတ် ရည်းစားမရှိတဲ့သူရှေ့မှာချစ်စကားတွေလာပြောနေတယ် တော်ပြီနင့်ကိုကူချက်မပေးတော့ဘူး ဟွန့်"

Owner Of Mole (OOM) (Completed)Tempat cerita menjadi hidup. Temukan sekarang