Unicode
"ဟိုနှစ်တွဲအဆင်သင့်မဖြစ်သေးဘူးလား??"
"အခုထိထွက်မလာကြသေးဘူး"
"ငါသွားခေါ်လိုက်မယ်"ယွန်းဂီ နမ်ဂျွန်းနဲ့ ဟိုဆော့တို့စကားပြောနေရာမှ ဟိုဆော့ကကြာနေတဲ့အတွဲနှစ်တွဲကိုခေါ်ဖို့ အခန်းထဲကိုလိုက်သွားရတော့တယ်... တကယ်တော့ ဂျန်းကုတို့အတွဲရယ် ထယ်ယောင်းတို့အတွဲရယ် နမ်ဂျွန်းတို့အတွဲရယ် သုံးတွဲပေါင်းပီး လက်ထပ်ပွဲလုပ်မလို့စီစဉ်ထားပေမဲ့ မကြာခင်မှာပဲ ဆူဟိုလည်းလွတ်တော့မှာမို့လို့ နမ်ဂျွန်းတို့ကိုအဲဒီအချိန်ကျမှပဲလက်ထပ်ခိုင်းလိုက်တော့တယ်.. ဒီက ဗိုက်ဗိုက်နှစ်ယောက်ကတော့ မကြာခင်ပိုပီးဗိုက်ပူလာ တော့မှာမို့အမြန်မဂ်လာပွဲကိုကျင်းပလိုက်ရတာပေါ့...
"ဂျန်းကု ကြယ်သီးတပ်ပေးဦး.."
ဗိုက်ပူပူလေးကြောင့်တပ်မရတဲ့အနောက်တိုင်း၀တ်စုံအရှေ့ကြယ်သီးကို တပ်ခိုင်းနေသော ဆော့ဂျင်ရယ်ပါ...
"Hyung ဗိုက်ကတရက်တခြားပိုပူလာပီနော်.."
"အဲဒီဗိုက်က ငါတယောက်ထဲဟာမဟုတ်ဘူးလေ.. အဲဒီဗိုက်ပူတာမင်းကြောင့်.."
"အင်းပါ.. ကျွန်တော့ကြောင့်.. ဟုတ်ပီလား.. ငြိမ်ငြိမ်နေ.."တကိုယ်လုံးတုန်နေအောင်စိတ်လှုပ်ရှားနေတဲ့ ဆော့ဂျင်ကြောင့် ဂျန်းကုမနဲချော့ပီးကြယ်သီးတပ်ပေးလိုက်ရတယ်...
"ကဲ.. ရပီ"
"ငါချောလား??"
"အင်း.. အရမ်းချောတယ်"
"မင်းမပြောလဲ.. ငါသိပီးသား"ဆော့ဂျင်ကပြောင်စပ်စပ်နဲ့ ဂျန်းကုကိုနောက်နေပါတယ်..
"ကဲ.. ဗိုက်ဗိုက်1 မြန်မြန်လာတော့.. ပွဲစတော့မယ်.."
ဟိုဆော့က အခန်းတံခါး၀ကနေလှမ်းအော်တော့မှ ပွဲကိုပြန်သတိရတော့တယ်.. နှစ်ယောက်တကမ္ဘာလုပ်နေရတာနဲ့ ဂျန်းကုတို့အတွဲ မဂ်လာပွဲကိုတောင်မေ့တော့မလို့လေ... ဗိုက်ဗိုက်1ဆိုတာကတော့ ဟိုဆော့ချစ်စနိုးပေးထားတဲ့နာမည်လေးပါ... ဟိုဆော့က ဂျင့်ကိုဗိုက်ဗိုက်1 ဂျီမင့်ကိုဗိုက်ဗိုက်2ဆိုပီးခေါ်တယ်လေ.. တခါတလေဆိုရင်လည်းပြောသေးတယ် ဆော့ဂျင်ရဲ့ကလေးရော ဂျီမင့်ကလေးရောကို သူမွေးတဲ့ကလေးတွေနဲ့ကြီးလာရင်ပေးစားမှာတဲ့လေ.. တကယ်တော့ဟိုဆော့ကီးတို့ ကလေးယူဖို့နေနေသာသာ ကိုရေခဲတုန်းမင်ယွန်းဂီကြောင့် ချစ်သူတောင်မတော်ရသေးပါဘူး... မတော်ရသေးတဲ့ယောက်ျားနဲ့ကလေးတွေအပြင် ကလေးတွေလက်ထပ်ပွဲကိုပါကျော်တွေးနေသော ဟိုဆော့ကီးရယ်ပါ...