Unicode💜💜💜
Parisမြို့ မနက်၅နာရီ
"ဘာာ!!.. ထယ်.... မင်းဘာပြောလိုက်တယ်..."
".........."
"Kookရဲ့ခြေထောက်တွေက...."ကောင်လေးတယောက်မနက်အစောကြီးမှာ မျက်ရည်တွေနဲ့အစပြုခဲ့ရတယ်... သူနာကျင်နေရတယ်ဆိုတာကိုတော့... သူ့ဘေးမှာလွတ်ကျသွားတဲ့ ဖုန်းလေးရယ်.... သူညတိုင်းငိုေကျွးရလို့ မျက်ရည်တွေစိုနေတဲ့ ခေါင်းအုံးလေးရယ်... ကလွဲပီးဘယ်သူမှမသိနိုင်ပါဘူး.... သူကတော့ တချိန်တုန်းက ဂျွန်းဂျန်းကု၏ချစ်ရသူ Park Jimin....
"ငါ့ကြောင့်ပါ... kook..... ငါ့ကြောင့်ပါ.... ငါမင်းကိုမထားခဲ့သင့်ဘူး ...အဲဒီအချိန်တုန်းကငါ စိတ်ပျော့ခဲ့တယ်kook... ငါတောင်းပန်ပါတယ်...ငါ့ကြောင့်ပါ..."
.................................................................................
Seoulမြို့ Kimစံအိမ်တော်ထယ်ယောင်းနဲ့ ဂျီမင်ဖုန်းပြောရင်း ဂျီမင့်ဘက်ကအရင်ချသွားတာကြောင့် ထယ်ယောင်း၀မ်းနည်းမိသည်...
ထယ်ယောင်းမျက်ရည်ေတွကျမိတယ်.... မီးပိတ်ထားတဲ့အခန်းရဲ့ထောင့်လေးမှာ ကြိတ်ပီးငိုကြွေးနေမိတယ်...."မင်းကတော့ ဂျန်းကုတယောက်တည်းကိုပဲ 12နှစ်လုံးလုံးကြည့်လာခဲ့တာ.... ငါ့ကိုရော ငါ့ရဲ့အချစ်တွေ မင်းမမြင်ခဲ့ဘူး... ပတ်ဂျီမင်... မင်းဘေးမှာအမြဲရှိပေးခဲ့တဲ့ ငါ့ကို သူငယ်ချင်းလို့ပဲမင်းကသတ်မှတ်တာလား..? "