Unicode
ဒီနေ့ဆော့ဂျင်လေးတယောက် စောစောနိုးနေပါတယ်... ပုံမှန်လည်းစောစောထနေကျဆိုပေမဲ့ ဒီနေ့က ရည်းစားချောလေးကိုမနက်စာချက်ကျွေးရမယ့်နေ့မို့စောစောထမိေနခြင်းဖြစ်သည်.. ဆော့ဂျင် ဖုန်းကိုထုပ်ပီး ဂျန်းကုပို့ပေးထားတဲ့လိပ်စာအတိုင်းထွက်လာခဲ့သည်.. လမ်းမှာ၀ယ်စရာရှိတာတွေ၀ယ်ရင်းပေါ့...ဆော့ဂျင်နေသည့်နေရာက ဂျန်းကုအိမ်နဲ့အနည်းငယ်ဝေးသည်... ဘတ်စ်ကားမှတ်တိုင်3ခုလောက်ဆက်စီးမှရောက်သည်... ဒါတောင်ကြားထဲလမ်းလျှောက်ရတာမပါသေး.... ဆော့ဂျင်ကဆင်းရဲပါသည်... အနေအစားချောင်ရုံလောက်သာ၀င်ငွေရှိသည်.. နေရတဲ့နေရာဆိုရင်လည်း အလယ်အလတ်တန်းစားတွေပဲနေတဲ့ရပ်ကွက်ထဲက ထပ်ခိုးလေးမှာ... ဒါတောင်အဲဒီထပ်ခိုးလေးကိုငှားနေရသည်.... ဂျန်းကုတို့ရပ်ကွက်ကတော့ တိုက်ကြီးတွေအပြည့်... ဟုတ်ပါတယ်လေ.. ဂျန်းကုက Jk groupရဲ့CEOလေ... သူကတော့ အချိန်ပိုင်းအလုပ်တွေနဲ့ပိနေတဲ့ငမွဲတယောက်.... ဆော့ဂျင်ပအတွေးတွေများရင်းထွက်လာခဲ့လိုက်တာဘာလိုလိုနဲ့ ဂျန်းကုပေးတဲ့လိပ်စာဆီရောက်လာပီ... ဆော့ဂျင် ဂျန်းကုရဲ့အိမ်ကိုမြင်လိုက်တော့အရမ်းအံ့ဩသွားတယ် နန်းတော်ကြီးသဖွယ်အဆောက်အအုံကြီးကဆော့ဂျင်ရှေ့မှာ ဝံ့ကြွားစွာတည်ရှိနေလေရဲ့...
#တီးတောင်#
ဆော့ဂျင်bellတီးလိုက်တော့ အလုပ်သမားအမျိုးသမီးတယောက်ထွက်လာတယ်...
"မဂ်လာပါ... ဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူးရှင့်..!!"
"ဒါက CEOဂျန်းကုရဲ့အိမ်.. ဟုတ်ပါတယ်နော်.."
"ဟုတ်ပါတယ်ရှင့်.."
"ကျွန်တော် သူနဲ့လာတွေ့တာပါ.."
"ကြိုချိန်းထားပီးသားလားမသိဘူးရှင့်.."
"မနေ့ကတော့ပြောထားပါတယ် သူက...."