Unicode
ဂျန်းကုနဲ့ ဆူဟိုလက်ဆောင်၀ယ်ဖို့သွားရင်း လမ်းမှာ မီးပွိုင့်နီနေလို့ ကားရပ်ထားတုန်း... လမ်းရဲ့ဘေးဘက်က ခြောက်ဆိုင်လေးကိုဂျန်းကုငေးကြည့်လိုက်မိတော့... သူနဲ့ရင်းနှီးနေတဲ့နောက်ကျောပုံစံလေး... သူမြင်ဖူးနေတဲ့ ပုံရိပ်လေးတခု.....ဂျန်းကုနှုတ်ခမ်းဖျားကထွက်လာတဲ့နာမည်ကတော့ Jin hyung....
..….........................................................................
#တီ.!~တီ.!!#အနောက်ကားများမှဟွန်တီးသံတွေအဆက်မပျက်ထွက်လာခဲ့တယ်...
"သခင်လေးJeon.. မီးစိမ်းနေပီ.."
"အော်~ အင်း..!!"ဂျန်းကုအမြန်ကားကိုမောင်းပီး လမ်းဘေးမှာကားကိုချရပ်လိုက်တယ်.. ထို့နောက်သူ၏ခန္ဓာကိုယ်လေးကတော့ ပန်းဆိုင်လေးထဲမှ အရိပ်လေးစီသို့...
"သခင်လေးJeon..!!"
ဆူဟိုခေါ်သံကိုလည်းဂျန်းကုမကြားနိုင်တော့ပဲ Jin hyungကိုတွေ့ဖို့သာစိတ်လောနေလေသည်...
ပန်းဆိုင်လေးထဲရောက်တော့.. ခုနအရိပ်လေးမှာ ဘယ်စီကိုရောက်လို့ရောက်မှန်းမသိ...
ဆိုင်ရှင်စီကိုမေးကြည့်တော့..
"ဒီမှာအမ.. ခုနတုန်းက အရပ်ရှည်ရှည်.. အသားဖြူဖြူ.. ရုပ်ချောချောကောင်လေးတယောက်.. ဒီကိုလာသွားသေးလားမသိဘူး..??"
"အယ်~ သေချာတော့မမှတ်မိတော့ဘူး..."
"အမ.. ကျွန်တော့ကို ဒီဆိုင်ကcctvလေးပြပေးလို့ရမလား..??"
"ရှင်..!!"
"မဟုတ်ပါဘူး.. ကျွန်တော်က Jeon groupကပါ... အဲဒီလူကကျွန်တော်အရမ်းတွေ့ချင်တဲ့သူမို့ပါ.. ကူညီပါနော်..."ဂျန်းကု သူ့လက်ထဲက လိပ်စာကဒ်လေးထုတ်ပေးလိုက်တယ်...
"သခင်လေးJeon..!!"