Unicode
ဂျန်းကု ဆူဟိုစကားတွေနားထောင်ပီးပီးခြင်း ဧည့်ခန်းထဲကအမြန်ထထွက်လာခဲ့သည်....
Jk pov
ဆူဟိုက.. ဆူဟိုကကျွန်တော့ကိုဒုက္ခပေးတယ်တဲ့လား?? ဆူဟိုကကျွန်တော့ကိုဆေးခတ်တယ်တဲ့လား?? ဆူဟိုကကျွန်တော့အပေါ်သစ္စာဖောက်တယ်တဲ့လား?? ဟင့်အင်.. မယုံချင်ဘူး... ကျွန်တော်ကိုယ်တိုင်ညီအကိုလိုတန်ဖိုးထားပီးအမြဲယုံကြည်ပေးခဲ့ရတဲ့ ဆူဟိုကဒီလိုတွေလုပ်မယ်လို့ မယုံချင်ဘူး... meetingတွေပျက်ရင် ပွစိပွစိပြောတတ်တဲ့ရိုးသားတဲ့ကောင်းလေးက.. ဒီလိုတွေကောက်ကျစ်တတ်လိမ့်မယ်လို့မယုံချင်ဘူး.. ဟင့်အင်.. ကျွန်တော်မယုံချင်ဘူး...ဂျန်းကုစိတ်အစဉ်တို့ရှုပ်တထွးနေစဉ် ပုခုံးပေါ်ကိုရောက်လာတဲ့ဆော့ဂျင်ရဲ့လက်လေး...
"ကုကီး.."
"Hyung!!"ဂျန်းကု ဆော့ဂျင်ကိုတင်းကျပ်စွာဖက်ထားမိသည်.. ဆော့ဂျင်ကတော့ ဂျန်းကုရဲ့ဆံပင်လေးတွေကိုထိုးဖွရင်းနှစ်သိမ့်ပေးရှာသည်...
"ကုကီးရယ်.. စိတ်မကောင်းဖြစ်မနေပါနဲ့တော့... ဆူဟိုလည်းတကယ်မတတ်သာခဲ့လို့နေမှာပါ..."
"Hyungရော ဆူဟို့ကိုစိတ်မတိုဘူးလား?? သူ့ကြောင့်hyungညီလေးလည်း..."
"အင်း.. စိတ်တိုတယ်... ဒါပေမဲ့ပြန်စဉ်းစားရင်သူက hyungတို့အပေါ်ကောင်းခဲ့တယ်လေ ...အထူးသဖြင့်မင်းအပေါ်ပေါ့.. ပီးတော့မင်းကိုတကယ်ခင်တွယ်လို့ပဲအခုလိုကိုယ်တိုင်လာတောင်းပန်တာပေါ့..."
"Hyung ကျွန်တော်ဘာလုပ်သင့်လဲ??"
"မင်းစိတ်ထဲမှာရှိတာကိုသာလုပ်ပါ.. ကုကီး.. hyungမင်းဘေးမှာအမြဲရှိနေပေးမယ်..."
"ကျေးဇူးတင်ပါတယ်.. ကျွန်တော့အနားမှာရှိနေပေးလို့..."ဆူဟိုတယောက်ဂျန်းကုအိမ်ကအပြန်မှာပဲရဲစခန်းကိုသွားပီးအပြစ်တွေအားလုံး၀န်ခံလိုက်တယ်... အထူးသဖြင့် ဂျွန်းဂျန်းမီအကြောင်းတွေကိုပေါ့.. တကယ်တော့ ဒီ3နှစ်အတွင်းမှာ ဆူဟိုကဂျန်းမီရဲ့ပြစ်မှုတွေကိုလိုက်လံစုံစမ်းနေခဲ့တာပါ... ဂျွန်းဂျန်းမီက မူးယစ်ဆေးဝါး ငွေလိမ်လည်မှု လူသတ်မှုတွေ လုပ်ခဲ့ဖူးပါတယ် အဆိုးဆုံးကတော့... ဆော့ဂျင်ရဲ့companyကိုဒေဝါလီခံရအောင်ငွေတွေလိမ်သွားတာနဲ့ ဂျန်းကုမိဘလေယာဉ်ကိုစက်ချို့ယွင်းမှုဖြစ်အောင်လုပ်ထားခဲ့တာပါပဲ...
.......................................................................
ဆော့ဂျင်တယောက် ပျင်းပျင်းနှင့်ဂျန်းကုပေါင်ပေါ်မှာထိုင်ရင်းtvကြည့်နေပါတယ်.. ဂျန်းကုကတော့ ဆော့ဂျင်ကိုstrawberryခွံ့ကျွေးရတာနဲ့လက်မအားဖြစ်နေရပါတယ်..