Unicode
ဆော့ဂျင်တယောက် မနက်မိုးလင်းလင်းချင်းမှိုင်တွေနေမိသည်... မနက်မိုးလင်းလင်းချငါးဆိုလို့အိပ်ယာထလို့မထင်လိုက်ပါနဲ့... ဆော့ဂျင်တယောက် အအိပ်မမှန် အစားမမှန်တွေဖြစ်နေတာ ဂျန်းကုနဲ့လမ်းခွဲပီးကတည်းက... ဒါကြောင့်လဲ ဆော့ဂျင်ခန္ဓာကိုယ်ဟာအရင်ကထက်ပိန်လာလေပီ...ငိုရတဲ့ရက် တွေများလွန်းလို့မျက်လုံးတွေလဲဖောင်းအစ်နေလေပီ...
Jin pov
ကုကီး မင်းကိုငါအရမ်းလွမ်းတယ်... မင်းလည်းပဲငါ့ကိုလွမ်းနေတယ်မလား... ငါလေမင်းကိုအမြဲအဝေးကနေကြည့်နေတတ်တယ်ကုကီး... မင်းcompanyကိုလာတဲ့အချိန်... companyကနေအိမ်ကိုပြန်တဲ့အချိန်တွေမှာ ငါcompanyရှေ့ကနေတိတ်တိတ်လေးမင်းကိုကြည့်နေဖြစ်တယ်... မင်းလည်းအရင်ကထက်ပိန်သွားတယ်နော်... ဒါပေမဲ့ငါ၀မ်းသာပါတယ်... မိုက်ရူးရဲမဆန်ပါနဲ့ဆိုတဲ့ငါ့ရဲ့စကားကြောင့်ပုံမှန်အတိုင်းလေးနေပေးလို့... ငါကရယ်ရတယ်နော်... မင်းကိုတော့ပြောပီးငါကိုယ်တိုင်ကျမိုက်ရူးရဲဆန်နေမိတယ်...ဆော့ဂျင်ဝဲတက်လာတဲ့မျက်ရည်တွေကိုပုတ်ထုတ်ရင်း ရေချိုးခန်းထဲ၀င်လာခဲ့တယ်... တချိန်ကအတူရှိခဲ့ဖူးတဲ့ သွားတိုက်တံဆင်တူလေးနေရာမှာ ဆော့ဂျင်ရဲ့ပန်းရောင်သွားတိုက်တံေလးတေချာင်းသာရှိေနေလရဲ့...
*Hyung... ဒီမှာ ကုကီးနဲ့ဆင်တူ သွားတိုက်လေး... ပန်းရောင်လေးကိုhyungယူလိုက်...*
ဆော့ဂျင်ရေချိုးခန်းထဲကနေအမြန်ပြေးထွက်လာခဲ့တယ်...စားပွဲပေါ်မှာတင်နေကျ ဆင်တူဖန်ခွက်လေးနေရာမှာလည်း ဖန်ခွက်လေးတခုပဲရှိနေတယ်...
*Hyung ခွက်လေးတွေလှလား... ကျွန်တော်၀ယ်လာတာလေ...*
Jin pov
မင်းရဲ့ပုံရိပ်တွေမင်းရဲ့အငွေ့အသက်တွေက ငါ့ရဲ့အနားမှာပျံ့လွင့်နေတယ်ကုကီးရယ်... ငါမင်းကိုအရမ်းလွမ်းတယ်...ဧည့်ခန်းထဲမှာရှိနေတဲ့ ဂျန်းကုပေးထားတဲ့ယုန်ရုပ်လေးကိုပိုက်ရင်း... ဂျန်းကုပေထားတဲ့ဆွဲကြိုးလေးကိုကြည့်ရင်း... ဆော့ဂျင်ငိုမိပြန်တယ်..
*Hyungဒီဆွဲကြိုးလေးကို၀တ်လိုက်တဲ့အချိန်စပီးကျွန်တော့အပိုင်ဖြစ်သွားပီနော်*