Unicode
နမ်ဂျွန်းမနက်ပိုင်းနိုးနိုးချင်းချင်းတွေထိုးကိုက်နေလို့ဆက်မှိန်းနေလိုက်တယ်...
'ဒေါက်~ ဒေါက်~'တံခါးခေါက်သံနဲ့အနူအခန်းထဲ၀င်လာတဲ့ကောင်လေး....
"Hyung!!"
တော်တော်နှင့်ပြန်မထူးပဲဆက်အိပ်နေသောနမ်ဂျွန်းကြောင့် ထယ်ယောင်းစိတ်ပူသွားသည်..
"Hyung..နေမကောင်းဘူးလား??? hyung!!!"
"ထယ်~ ထယ်~ ဘယ်~ လိုလုပ်~ ဒီကို??"နမ်ဂျွန်းစကားတခွန်းချင်းစီကိုအားယူပီးပြောနေရတယ်..
"Hyungအတွက်ommaက ဂမ်ချီပို့ခိုင်းလိုက်လို့.. hyungတော်တော်နေမကောင်းဘူးလား..??"
"မ~ ဟုတ်.."နမ်ဂျွန်းစကားမဆုံးခင် နဖူးပေါ်ရောက်လာတဲ့လက်သွယ်သွယ်လေးကြောင့်ပြုံးလိုက်မိသေးသည်...
"ကျစ်~ ကိုယ်တွေတော်တော်ပူနေတာပဲ..."
"ရ~ ပါ~ တယ်"
"ဘာရပါတယ်လဲ?? ဆေးသောက်ရမယ်!!! မနက်စာရောစားပီးပီလား???"နမ်ဂျွန်းခေါင်းရမ်းပြလိုက်သည်..
"Hyungကလည်းလေ.. ကိုယ့်ကိုကိုယ်ဂရုမစိုက်ဘူး.. လူကိုစိတ်မချရအောင်အမြဲလုပ်တယ်... ကျွန်တော်ခေါက်ဆွဲပြုတ်ပီးယူလာခဲ့မယ်.. ခနစောင့်.."
"ရ~ တယ်~ ထယ်"နမ်ဂျွန်းအိမ်မှာကအိမ်အကူတယောက်မှမရှိ.. နမ်ဂျွန်းကငယ်စဉ်ကတည်းက သီးခြားနေတတ်သည်... သူငယ်ချင်းဆို၍လည်း ဟိုဆော့တယောက်သာရှိသည်..
ထယ်ယောင်းက နမ်ဂျွန်းအတွက်ဆန်ပြုလေးဖြစ်ဖြစ်ချက်ကျွေးချင်ပေမဲ့.. ငယ်စဉ်ကတည်းက ဖူးဖူးမှုတ်အလိုလိုက်ထားခံရတဲ့ ထယ်ယောင်းလိုကောင်လေးက ဘလိုလုပ်ချက်တတ်မှာလဲ..?? မညာတမ်း၀န်ခံရမည်ဆိုလျှင်ခေါက်ဆွဲတောင်မှသိပ်မပြုတ်တတ်ပေ.. အဲ့တာကြောင့်ပဲမီးဖိုချောင်မှာယောင်လည်လည်ဖြစ်နေတဲ့ ထယ်ယောင်းရယ်ပါ...Tae' pov:
ဟင်?? ခေါက်ဆွဲပြုတ်ကရေထည့်ပြုတ်ရမှာလား?? ရေနဲ့ဖျော်ရမှာလား?? တော်ပါပီ..onlineပေါ်ကပဲရှာတာကောင်းပါတယ်..ထယ်ယောင်း ခေါက်ဆွဲပြုတ်ပြုတ်ဖို့အရေး ဖုန်းတလုံးနဲ့အလုပ်ရှုပ်နေတော့သည်.. ထယ်ယောင်းတောင်သတိရနေမိသေးတယ်.. ဂျီမင်နေမကောင်းဖြစ်တုန်းက ဆန်ပြုတ်ကိုမရရအောင်ပြုတ်ပီးကျွေးခဲ့ဖူးတာကို.. အဲဒီဖြစ်ရပ်လေးအတွက်ထယ်ယောင်းလက်ကအပူလောင်ဒဏ်ရာလေးကသက်သေပင်...
......................................................................
ထယ်ယောင်း အောက်ထပ်မှာအလုပ်ရှုပ်နေတုန်း နမ်ဂျွန်းစီကို messageတစောင်၀င်လာတယ်
![](https://img.wattpad.com/cover/245865700-288-k389321.jpg)