Unicode
ဆော့ဂျင် ဂျန်းကုနဲ့ချိန်းထားတဲ့ ပန်းခြံလေးကိုလာခဲ့တယ်... ပန်းခြံထဲကခုံတန်းလေးမှာ ဂျန်းကုကထိုင်နေတယ်.. နောက်တော့ဆော့ဂျင်ကိုမြင်သွားပီး ဆော့ဂျင်စီအမြန်အပြေးလာခဲ့တယ်..
"Hyung.. ဘာဖြစ်လာတာလဲ??မျက်နှာလည်းမကောင်းဘူး.."
"ဘာမှမဖြစ်ပါဘူး.."
"Hyung လိမ်တယ်.. ကျွန်တော့ကိုကျမလိမ်ရဘူးဆိုပီးတော့..."
"မင်းကလိမ်တယ်ဆိုတာဘလိုသိတာလဲ..??"
"ကျွန်တော်ကလေ.. hyungရဲ့မျက်နှာလေးကိုအရိပ်တကြည့်ကြည့် ကြည့်နေရတာ.. hyungမျက်နှာညိုးနေတာကိုသိတာပေါ့hyungရဲ့..!!"
"ဘာလို့လဲ??"
"ဘာကိုလဲ??"
"မင်းကဘာလို့..ငါ့ကိုအရိပ်တကြည့်ကြည့် ကြည့်နေရတာလဲ??"
"အဲ့တာက.. ကျွန်တော်ပြောရင်စိတ်ဆိုးမှာလား???"
"ဟင့်အင်..."
"အဲ့တာဆို.. ကျွန်တော်ပြောပြမယ်.. အခုတော့ကျွန်တော်ပေးမဲ့လက်ဆောင်လေးအရင်ကြည့်လိုက်ဦး.."ဂျန်းကုသူ့လက်ထဲက ဘူးအနီရောင်လေးကို ဆော့ဂျင်စီပေးလိုက်တယ်...
"ဘာလေးလဲ kookie??"
"သိချင်ရင်ဖွင့်ကြည့်ပေါ့.."ဆော့ဂျင်ဖွင့်ကြည့်လိုက်တော့မြင်လိုက်ရတဲ့ ပစ္စည်းလေးကြောင့် သူ့ရဲ့လှုပ်ရှားမှုတွေဟာရပ်တန့်သွားခဲ့တယ်..
"Hyung!!"
ဂျန်းကုခေါ်လိုက်မှ ဂျင်အသိပြန်၀င်လာခဲ့တယ်..
"ကြိုက်ရဲ့လား??"
"အင်း.. အရမ်းကြိုက်တယ်!!"ဂျင်.. ဘူးထဲကယုန်ရုပ်လေးကိုထုပ်ပီးဖက်လိုက်တယ် ယုန်ရုပ်လေးကဂျန်းကုနဲ့အရမ်းတူတယ်.. ချစ်စရာလည်းအရမ်းကောင်းတယ်.. ဆော့ဂျင်ငိုမိတယ် သူဘယ်သူ့စီကမှဒီလိုလက်ဆောင်မရဘူးဖူးလေ..