Unicode
"အ!! နာတယ်..."
"အော်~ အခုမှနာတယ်ပေါ့.. ဟုတ်လား??"
"နာတာပေါ့.. စီနီယာ မင်ကလည်း.."ယွန်းဂီကိုအကြောင်းစုံရှင်းပြလိုက်တော့ ဆော့ဂျင်ကိုအတင်းဆေးဆိုင်ကိုဆွဲခေါ်လာတော့တာပဲ... ဟိုဆော့ကလည်း တာ၀န်မကင်းသလိုခံစားရလို့ ယွန်းဂီတို့နောက်ကတကောကကောက်လိုက်လာလေရဲ့... အခုတော့ သုံးယောက်သားဆေးဆိုင်ရှေ့မှာဆေးထည့်ရင်း နာလို့အော်တဲ့သူကအော်... ဆေးထည့်ရင်းပွစိပွစိပြောသူကပြော... ဒဏ်ရာတွေကိုကြည့်ရင်ကြောက်နေတဲ့သူကကြောက်နဲ့...
"ဒီမှာ!! မင်းကရောဘာလို့ညကြီးသန်းေခါင် အပြင်တွေလျှောက်သွားနေတာလဲ...??"
ဆော့ဂျင်ကိုဆူနေရာမှ ဟိုဆော့ဘက်မျှားဦးလှည့်လိုက်သောယွန်းဂီရယ်ပါ...
"ကျွန်... ကျွန်တော်လား??"
"အော်~ အေး... ဒီမှာငါတို့သုံးယောက်ပဲရှိတာ... ဆော့ဂျင်မဟုတ်ရင်မင်းပဲပေါ့... ဘာလဲ...??ငါကငါ့ကိုယ်ငါပြောနေတယ်ထင်လို့လား...??"
"မဟုတ်ပါဘူး..."ဟိုဆော့အနည်းငယ်ကြောင်နေမိတယ်... ဟိုဆော့သိတဲ့မင်းယွန်းဂီဆိုသည်မှာ အေးတိအေးစက်နိုင်လွန်းလို့ရေခဲတုန်းတောင်အဖိုးခေါ်ရမည့်သူ... အခု ဟိုဆော့ရှေ့ရောက်နေတဲ့မင်းယွန်းဂီကတော့ ပွစိပွစိလုပ်နေတဲ့အဖိုးအိုပေါက်စ... ဟိုဆော့ ယွန်းဂီကိုကြောက်လွန်းလို့ အငွေ့ပျံမတတ်ပင်...
"စီနီယာမင်ရယ်...အဲဒီလောက်မဆူပါနဲ့... ဟိုမှာလန့်သွားပီလားမသိဘူး...!!"
ဆော့ဂျင်ပြောလဲ ပြောချင်စရာ ဟိုဆော့မှာ မျက်လုံးပြူးလေးနဲ့ သနားစရာပုံလေးဖြစ်နေပီ...
........................................................................
*Ring... ring*