part 20 (Unicode+ Zawgyi)

2.3K 172 11
                                    

Unicode

ရာသီဥတုကလည်းချမ်းစိမ့်စိမ်နှင့်မို့ထယ်ယောင်း ကော်ဖီတခွက်သောက်လိုက်သည်......
#Ring ring#

လက်ထဲမြည်လာသော ဖုန်းလေးကိုကြည့်လိုက်တော့ contact nameလေးက ဂျီမင်...

"Hello!! ဂျီမင်.. ထူးထူးဆန်းဆန်းဖုန်းတွေဘာတွေဆက်လို့ပါလား??"
"............."
"ဘလို?? မင်းငါတို့အိမ်လမ်းထဲရောက်‌နေပီဟုတ်လား??"
"............."
"ဟင် အင်း!! အဲဒီလမ်းကနေဘယ်ကွေ့လိုက်ရင်ရောက်ပီ.."
"............."
"အေး!! ငါမင်းကားကိုမြင်နေရပီ.."
"............."
"အင်း!! ငါအခုဆင်းလာခဲ့မယ်.."
"............."

အိမ်နားရောက်နေပီဆိုသော ဂျီမင်စကားကြောင့် ထယ်ယောင်းမျက်လုံးတို့ပြူးကျယ်သွားသည်... တွေ့ချင်စောနှင့်လှေကားပေါ်ကအမြန်ဆင်းမိတော့ ချော်လဲရသေးသည်... ထိုလောက်ပင် ဂျီမင်သည် ထယ်ယောင်းဘ၀အတွက်အရေးပါပါသည်..

*တီးတောင်!!*

Bellတီးနေတာအချိန်ကြာတဲ့အထိဘယ်သူမှထွက်မလာသေးတဲ့အတွက်ဂျီမင်တယောက်စိတ်မရှည်တော့ပါ.. ထိုအချိန်မှာ တံခါးလာဖွင့်ပေးလိုက်တဲ့ထယ်ယောင်း

"ယောင်း... မင်းလာဖွင့်တာလဲကြာလိုက်တာကွာ!!"

ဂျီမင်ကတော့ပွစိပွစိဖြင့်အပြစ်တင်နေပေမဲ့ ထယ်ယောင်းတော့ပြုံးပြုံးကြီးဂျီမင်ကိုငေးကြည့်နေမိသည်.. သူတို့မဆုံတာ 3နှစ်ကျော်နေပီမလား..??

"ဟိတ်!!"
"ဟမ်~ ဟမ်.. ဘာပြောလိုက်တာလဲ??"
"အော်~ ငါကငါ့သူငယ်ချင်းလေးမတ်တပ်ကြီး ဆန့်သွားပီလားလို့..?? တကယ်ပဲဘာတွေ‌စဉ်းစားနေမှန်းကိုမသိဘူး..."
"ငါဆန့်သွားရင် မင်ငါ့နာရေးကိုလာမှာလား??"
"နာရေးမှာ ငါ့အကြိုက်sushiကျွေးရင်လာခဲ့မယ်...."

ဤကဲ့သိုပင်ဂျီမင်နှင့်ထယ်ယောင်းမှာလည်းစတွေ့တာနဲ့သေစကားကအရင်စပြောတတ်သူများသာ... ထယ်ယောင်းဂျီမင့်ပစ္စည်းတွေကိုကူသယ်ပေးပီး သူတို့နှစ်ဦးလုံး အိမ်ထဲ၀င်လာခဲ့သည်..

"အန်တီတို့ အိမ်မှာမရှိဘူးလား..??"
"Appaရော.. ommaရော.. Busanကိုအလုပ်ကိစ္စနဲ့သွားတယ်... သုံးလလောက်တော့ကြာမယ်ထင်တယ်.."
"အဲ့တာဆိုတခြားသူတွေရော....?"
"အိမ်မှာအလုပ်လုပ်တဲ့သူတွေကိုငါပြန်လွှတ်လိုက်တာ.. ရှုပ်လို့.."
"အော်~"
"မင်းကဘာမပြောညာမပြောနဲ့.. ဘယ်လိုကနေဘယ်လို.. ဆိုင်းမဆင့်ဗုံမဆင့်ပြန်ရောက်လာတာလဲ..??"
"ဒီလိုပဲပေါ့ကွာ.."
"မင်း ဗိုက်ဆာနေပီလား??"
"အင်း!! ငါဘာမှမစားရသေးဘူး.."
"ငါ့အိမ်မှာလည်းဘာမှမရှိဘူးကွ!! ခနစောင့်.. ငါလှမ်းမှာလိုက်မယ်..ဘာစားချင်လဲ???"
"ငါမစောင့်နိုင်တော့ဘူး!! မင်းအိမ်မှာ ခေါက်ဆွဲထုပ်ရှိလား??"
"ရှိတယ်လေ.."
"ငါပြုတ်သောက်လိုက်တော့မယ်.."
"ငါကူရဦးမလား..??"
"ကိုယ့်ဟာကိုယ်သာအေးအေးဆေးဆေးနေစမ်းပါကွာ.. မင်းဘာမှလည်းမလုပ်တတ်ပဲနဲ့..."

🌺If you🌺Jinkook (Complete)Where stories live. Discover now