📌စာမေးပွဲကတကယ်တော့တန်လာနေ့ကဖြေရတာပါ.... အံဒီနေ့က errorတက်ပီး မီးပါပျက်သွားလို့အဆင်မပြေခဲ့ပါဘူး... ဒီနေ့teacherကိုပြောမလို့လုပ်တော့ meetingမရှိပါဘူး... သာသာဒီတခေါက်အမှတ်နည်းလို့ extra classတက်ရင်တက်ရမှာပါ... သာသာအခုအရမ်း၀မ်းနည်းနေတယ်... သုံးရက်လုံးစာတွေလုပ်ထားရတာကို အခုတော့... ဒါဒါတို့ကိုလည်းတောင်းပန်ပါတယ် သာသာပစ်ထားမိလို့.. extra classတက်ရရင်တောင် သာသာအဆုံးထိupပေးမှာပါ...
မနက်ဖြန်ကျရင်နှစ်ပိုင်းupပေးပါ့မယ်.....📌
......................................................................
Unicodeဟိုဆော့တယောက် shopping mallထဲ၀င်၀င်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းက...ဆော့ဂျင် လူနှစ်ယောက်နဲ့ရပ်စကားပြောနေတာပင်... ဟိုဆော့လှမ်းခေါ်ဖို့လုပ်လိုက်တော့ ဆော့ဂျင်ကဟိုလူနှစ်ယောက်နဲ့ပါသွားတယ်.. ဆော့ဂျင်မျက်နှာကတခုခုအခက်အခဲဖြစ်နေတဲ့ပုံပေါ်နေတယ်..
ဒါနဲ့ဟိုဆော့လည်း ဆော့ဂျင်တို့နောက်ကနေလိုက်လာခဲ့လိုက်တယ်...
......................................................................
ထိုလူနှစ်ယောက်ကဆော့ဂျင်ကို ကားထဲအတင်း၀င်ခိုင်းတယ် .. ဆော့ဂျင်သာမန်အခြေအနေဆိုရင် သူတို့နဲ့တိုက်ခိုက်နိုင်ပေမဲ့.. အခုကသေနတ်နဲ့ ပီးတော့ ဆော့ဂျင်ဗိုက်ထဲမှာ....ထိုလူနှစ်ယောက်က ကားပေါ်ရောက်ရောက်ချင်း ဆော့ဂျင်လက်တွေကိုကြိုးေတွနဲ့တုပ်နှောင်ပြစ်လိုက်တယ်..
"လွှတ်!! ငါ့ကိုလွှတ်ပေး!!"
"လျှောက်အော် မနေနဲ့!! ဒါသေနတ်ပစ်ရင်သေတတ်တယ်.. မင်းပါးစပ်ပေါက်ကိုအသာပိတ်ထား!!"ကားရှေ့ခေါင်းပိုင်းမှာထိုင်နေတဲ့လူက..
"အဟက်!! ကောင်လေးကအချောလေးပဲ
.. ငါတို့တော့ပွတာပဲ .."
"နှာထမနေနဲ့!! မမလေးခိုင်းတာသာပီးအောင်လုပ်.."Jin pov
မမလေး မမလေးဆိုတာဘယ်သူလဲ?? ဧကန္တ.. ဂျွန်းဂျန်းမီ
........................................................................
အရှိန်ပြင်းစွာမောင်းသွားတဲ့ ဆော့ဂျင်ပါသွားတဲ့ကားလေးနောက်ကို ဟိုဆော့ရဲ့ကားလေးက ထပ်ကြပ်မကွာလ်ိုက်လာခဲ့တယ်..
ဆော့ဂျင်ပါသွားတဲ့ကားကိုမောင်းတဲ့သူက.."ဟာ!! နောက်ကကားကဘာလဲကွာ?? ငါ့တို့နောက်ကိုဘာလို့လိုက်လာတာလဲ?? ရှုပ်လိုက်တာ.."
![](https://img.wattpad.com/cover/245865700-288-k389321.jpg)