Unicode
စားသောက်ဆိုင်လေးထဲမှာ ကောင်လေးတယောက်က အစားအစာတွေကိုအားရပါးရစားနေပေမဲ့... တခြားကောင်လေးတယောက်ကတော့ ပီတိတွေဖြာရင်း ကြည့်နေလေသည်...
Jin' pov:
သူငါ့ကိုကြည့်နေတာတော်တော်ကြာပီ.. အခြေအနေကလည်းအေးစက်နေတာပဲ.. ငါအရင်စကားစပြောသင့်လား..?? ငါဘာပြောရမှာလဲ..?? တော်ပါပီ.. ငါ့ဟာငါဆက်စားတာပဲကောင်းတယ်... စကားဆိုတာများများပြောရင်အမှာပါတယ်တဲ့... အစားဆိုတာကတော့ များများစားလေအားရှိလေတဲ့...Jk' pov
ကျွန်တော့ရှေ့မှာ အားရပါးရစားပြနေတဲ့ hyung... မသိရင်ပန်းကန်ထဲမျက်နှာကြီးကပ်သွားတော့မလိုလို... ဘာပဲဖြစ်ဖြစ်... ကျွန်တော်hyungပျော်နေတာလေးမြင်ရင်စိတ်ချမ်းသာသည်..."Kookie... ဘာလို့မစားတာလဲ မကြိုက်လို့လား..??"
"မဟုတ်ပါဘူး hyungရဲ့.."
"အဲ့တာဆိုစားလေ..."ပြောရင်းဆိုရင်း ဂျန်းကုကို အသားခွံ့ကျွေးတဲ့ jinကြောင့် ဂျန်ကုပါးစပ်ဟပီး စားပေးလိုက်ရသည်..
တခြားဝိုင်းကကောင်မလေးတွေကတော့..
*ဟယ်~ ချောလိုက်တာ!! *
*အမလေး.. ငမ်းမနေနဲ့ဦး နှစ်ယောက်ကဘာဘာညာညာတွေဖြစ်နေမှဖြင့်..*
*မဟုတ်လောက်ပါဘူး..*
*နင်ကလည်းခုနကတောင် ဟိုကောင်လေးကအသားခွံ့ကျွေးတာမမြင်ဘူးလား..*
*အေးနော်.. ဒါနဲ့နင်ဘယ်သူ့ကိုtopလို့ထင်လဲ..??*
*ဟိုဘက်က ယုန်သွားလေးနဲ့ခန့်ချောကြီးကိုtopလို့ထင်တယ်.. နင်ရော..??*
*ငါကတော့ ပခုံးကျယ်ကျယ်နဲ့ အကိုကြီးလို့ထင်တယ်..*
*သူတို့ကခွဲရနည်းနည်းခက်တယ်နော်..*
*အေး.. နှစ်ယောက်လုံးကချောနေတာဆိုတော့..*ဂျန်းကုနဲ့ဆော့ဂျင်တော့ကြားမကြားမသိပေမဲ့...တခြားဝိုင်းကကောင်မလေးတွေကတော့ အပေါ်ထပ် အောက်ထပ်ခွဲရင်းနဲ့သာအချိန်ကုန်သွားပါတယ်..
..............................................…......................
ဂျင်နဲ့ဂျန်းကု စားသောက်ဆိုင်ထဲကထွက်လာခဲ့ကြတယ်...