Unicode
ဂျန်းကု ဆော့ဂျင်ရဲ့လက်ကလေးကိုဆွဲပီးရင်ခွဲထဲသွင်းလိုက်မိသည်....
Jk' pov:
Hyungရယ် ကျွန်တော်အရမ်းလွမ်းနေခဲ့တာ... hyungကလည်းအရပ်ရှည်တဲ့သူမို့ သူ့ခေါင်းလုံးလုံးလေးက ကျွန်တော့ပုခုံးပေါ်ရောက်နေသည်.. သူ့လက်တွေကတော့ ကျွန်တော့ကိုတွန်းနေသည်.."မင်း~ မင်းဘာလုပ်တာလဲ!!??"
ဂျန်းကု ဂျင့်ကိုလွှတ်ပေးလိုက်သည်...
"မင်းက ဘယ်သူလဲ..?? အလကားနေရင်းငါ့ကိုဘာလို့လာဖက်တာလဲ..??"
Jk' pov:
Hyungကျွန်တော့ကိုမမှတ်မိတော့ဘူးလား..?? ရပါတယ် hyungမမှတ်မိလည်း ကျွန်တော်hyungပေါ်ရှိတဲ့ ခံစားချက်တွေကပြောင်းလဲသွားမှာမဟုတ်ပါဘူး..ဆော့ဂျင် ဂျန်းကုကိုသေချာကြည့်ရင်း ယုန်သွားနဲ့ကောင်လေးကိုမျက်လုံးထဲပေါ်လာသည်... ဆော့ဂျင်မရဲတရဲနဲ့ခေါ်လိုက်တဲ့နာမည်လေးက..
"မင်း.. kookieလား..??"
ဂျန်းကုခေါင်းပြုတ်ထွက်မတက်ငြိမ့်ပြလိုက်သည်..
Jin' pov:
ကျွန်တော်ဒေါသထွက်ထွက်နဲ့လမ်းလျှောက်နေတုန်း လူတယောက်ဆွဲဖက်တာခံလိုက်ရတယ်.. အဲဒီလူကလဲ ဘလိုင်းကြီးလာဖက်တော့ကျွန်တော်လည်းဒေါသထွက်တာပေါ့.. ပီးတော့ကျွန်တော်ကရုပ်ချောလို့လာရောရအောင်လဲသူက မိန်းကလေးမှမဟုတ်တာ.. မိန်းကလေးဆိုရင်တောင် ဆောင့်ကန်မိမယ်ထင်တယ်... အခုတော်သူ့ကိုဆွဲထိုးချင်စိတ်ကတဖွားဖွား... ကျွန်တော်အားကုန်သုံးပီးသူ့ကိုတွန်းတော့ သူကကျွန်တော့ကိုလွှတ်ပေးလာတယ်.. ကျွန်တော်သူ့ကိုပထမတုန်းကတော့မမှတ်မိဘူး.. ဒါပေမဲ့သေချာကြည့်တော့ ယုန်သွားနဲ့ကောင်လေး.. သူ့ကိုမမှတ်မိတာလဲမပြောနဲ့လေ အရင်ကချစ်စရာကောင်းတဲ့သူက အခုတော့အနောက်တိုင်း၀တ်စုံအပြည့်နဲ့smartကျပီး ချောနေလိုက်တာ... ပီးတော့အရင်ကတည်းကကြည့်ကောင်းတဲ့ခန္ဓာကိုယ်လေးက အခုတော့ muscleတွေအပြည့်... အရင်ကအားငယ်တတ်တဲ့ကောင်လေးက အခုတော့မျက်လုံးထဲမှာရဲရင့်မှုတွေနဲ့.. မပြောင်းလဲတာဆိုလို့ မျက်လုံးဝိုင်းဝိုင်းလေးရယ် နှာခေါင်းလုံးလုံးလေးရယ် ယုန်သွားလေးရယ် ပီးတော့..ကျွန်တော့ရင်ခုန်သံတွေရယ်...