Upပါပီ🌺🌺
...............................................
UnicodeJk's pov:
ကျွန်တော် အရမ်းဒေါသထွက်တယ် အရမ်းလည်း၀မ်းနည်းတယ် အရမ်းလည်းမခံမရပ်နိုင်ဖြစ်မိတယ် သူ့ရဲ့စကားတွေကိုယုံမိတဲ့ကိုယ့်ကိုယ်ကိုမုန်းတယ် ဒါပေမဲ့ ဒီခံစားချက်တွေက အသဲကွဲနေတာလား လှည့်စားခံရလို့ခံပြင်းနေတာလားဆိုတာ ကျွန်တော်မသိဘူး ကျွန်တော်ရဲ့မိဘတွေ လေယာဉ်ပျံပျက်ကျလိုဆုံးသွားပီ အဲဒီအချိန်မှာ သူက ကျွန်တော့ကိုနှစ်သိမ့်ရမယ့်အစား ထားသွားခဲ့တယ် ကျွန်တော်ဒေါသအရမ်းထွက်တယ် ကျွန်ေတာ်အခုလုပ်နေနိုင်တာ ဒီလိုမျိုး wine🍷🍾တွေကို တခွက်ပီးတခွက် တပုလင်းပီးတပုလင်းသောက်ဖို့ပဲရှိတယ်Barတစ်ခုရဲ့ ထိပ်ဆုံးဝိုင်းမှာ ထိုင်နေတဲ့ လူသား။စားပွဲပေါ်မှာလည်းဝိုင်ပုလင်းတွေနဲ့ပြည့်နေခဲ့သလို သူ့ရင်ထဲမှာလည်းနာကျင်မှုတွေနဲ့ ပြည့်နေခဲ့တယ်။
"မင်းပြောတော့ ငါ့ကိုထားမသွားဘူးဆို မင်းပြောတော့ငါ့အနားမှာရှိနေပေးမှာဆို အဟက် အကုန်အလိမ်အညာတွေပဲ မင်းရဲ့စကားေတွကအတုအယောင်တွေပဲ
Park jimin မင်းက အရူးပဲ မင်းလိုအရူးဆီက အရူးလုပ်ခံရတဲ့ ငါကပိုရူးတယ် မင်းကိုငါမုန်းတယ် မင်းကိုမုန်းတာထက် ငါ့ကိုယ်ငါပိုမုန်းတယ်"'ခွမ်!!!'
စားပွဲပေါ်မှာရှိနေတဲ့ ပုလင်းနဲ့ ခွက်အားလုံးမြေခသွားရတယ် ထိုသူ့လက်ထဲမှာလဲ ဖန်ကွဲစတွေနဲ့အတူသွေးတွေထွက်နေခဲ့တယ် သူ့ရဲ့မျက်လုံးများဟာလည်း မီးတောက်နေသည့်အလား။
"သခင်လေး ရရဲ့လား အရမ်းမူးနေပီထင်တယ်"
"ငါ~မ~မူး ~သေး~ဘူး"မမူးသေးဘူးသာပြောနေပေမဲ့ သူ့ရဲ့ခြေထောက်တွေဟာယိုင်ထိုးနေခဲ့ပီ