Unicode
ဂျန်းကုတယောက် ဆော့မင်ရဲ့အရိုးပြာရိုးထားတဲ့နေရာလေးကိုရောက်နေသည်.. ဓာတ်ပုံထဲကကမ်ဆော့မင်အပေါ်ကိုလည်းအာနာစိတ်အပြည့်နှင့်ဂျန်းကုဒူးထောက်ချလိုက်သည်..
"ကျွန်တော်တကယ်ပဲတောင်းပန်ပါတယ် Kim Seok min shi... ကျွန်တော်တကယ်ခင်များကိုထိခိုက်စေဖို့မရည်ရွယ်ခဲ့ပါဘူး.. ကျွန်တော်တကယ်ပြောတာပါ.. hyungကိုလည်းကျွန်တော်တကယ်ပဲချစ်မိသွားတာပါ..ခင်များကိုဒုက္ခပေးပီးခင်များအကိုဖြစ်သူကိုချစ်မိတဲ့အတွက်လည်းတောင်းပန်ပါတယ်.. ကျွန်တော်တကယ်ပဲတောင်းပန်ပါတယ်.."
ဂျန်းကုမျက်ရည်တွေကျနေမိသည်.. ဆူဟိုတယောက်ကတော့ ဂျန်းကုကိုကြည့်ရင်းစိတ်မကောင်းဖြစ်နေမိသည်..
Jk pov
ငါတောင်ဒီလောက်ခံစားရရင် hyungဆိုရင်ရော..?? ဘလောက်များတောင်ခံစားခဲ့ရရှာမလဲ?? ငါကသူ့ညီကိုသတ်တဲ့သူပါလို့သိသိခြင်းဘလောက်ထိတောင်၀မ်းနည်းခဲ့လိုက်ရှာမလဲ..?? ဒါတောင်ငါ့ကိုကလဲ့စားမချေပဲနေနိုင်ခဲ့တယ်.. ငါ့ကိုမိုက်ရူးရဲမဆန်ဖို့ပြောခဲ့သေးတယ်.. ကျွန်တော့အပေါ်ဘလောက်ထိချစ်လဲဆိုတာကျွန်တော်သိသွားပါပီ hyung.."သခင်လေး ပြန်ကြရအောင်.."
"အင်း!!"ဂျန်းကုနဲ့ဆူဟိုတို့ ထိုနေရာမှထွက်လာခဲ့ကြသည်.. နေတဲ့အရိပ်ကလေးတခုကတော့တသိမ့်သိမ့်တုန်အောင်ငိုေကြွးနေလေရဲ့.. သူကတော့.. ကမ်ဆော့ဂျင်
"ကုကီး.. hyung တောင်းပန်ပါတယ်... မင်းအပေါ်ကိုရက်စက်သလိုဖြစ်ခဲ့တဲ့အတွက်.. hyungတောင်းပန်ပါတယ်..."
........................................................................
ဆော့ဂျင်တယောက်အိမ်ပြန်ရောက်တဲ့အထိငိုကြွေးနေမိတုန်းပင်.. အိမ်ထဲမှာအမြဲစောင့်နေတတ်သည့်ယွန်းဂီကတော့သူ့ကိုကြည့်ရင်းရင်နာရသည်.. ဒါပေမဲ့သူ့ရှေ့မှာလည်းမငိုကြွေးချင်မိ.."ဂျင်... မင်းဒီလောက်ခံစားနေရရင် သူ့စီကိုပြန်သွားလိုက်ပါလား??"
"ဟင့်အင်... ကျွန်တော်ဘလိုပြန်သွားရမှာလဲ?? စီနီယာမင်ရယ်... သူက မင်လေးကိုသတ်တဲ့သူလေ... သူ့ကိုမမုန်းရက်နိုင်ပေမဲ့ဆက်ချစ်ဖို့ဆိုတာ... ကျွန်တော် လိပ်ပြာမလုံဘူး... မင်လေးအပေါ်ကိုလည်းအာနာမိတယ်... "
"မင်လေးက မင်းအခုလိုခံစားနေရတာကိုလိုချင်မှာမဟုတ်ဘူး... မင်း ဂျွန်းဂျန်းကုကိုရွေးလို့ပျော်ရွှင်ရမယ်ဆိုရင် မင်လေးလဲမင်းကိုကြည့်ရင်းပျော်ရွှင်နိုင်မှာပါ... "
"ဒါပေမဲ့... "
"ဂျင် ကိုယ်ပြောတာကိုသေချာနားထောင်နော်... လူနှစ်ယောက်တယောက်နဲ့တယောက်အပြန်အလှန်ချစ်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ဘူး... အခုဂျင်ရော သူရောကတယောက်ကိုတယောက်အရမ်းချစ်ကြတယ်လေ... ဒါဆိုပီးပီပဲမဟုတ်လား... မင်လေးကိစ္စက ဂျင်အခုလိုသူနဲ့မတွေ့တော့ရော မင်လေးကပြန်ရှင်နိုင်မှာလား?? "
"စီနီယာမင် ဒါပေမဲ့ ကျွန်တော်... "
"သူကလည်းရည်ရွယ်ချက်ရှိရှိလုပ်တာမှမဟုတ်ပဲ... ပီးတော့ဂျင်တခုခုဆုံးဖြတ်တော့မယ်ဆိုရင် ဂျင်တို့နှစ်ယောက်တယောက်ကိုတယောက်ဘလောက်ချစ်ခဲ့ကြသလဲဆိုတာေလးတွေ... ဂျင်တို့နှစ်ယောက်ရဲ့အမှတ်တရလေးတွေကိုပြန်တွေးကြည့်လိုက်... ဂျင်တကယ်ပဲသူနိုင်လမ်းခွဲနိုင်လို့လားဆိုတာဂျင့်ကိုယ်ဂျင်ပြန်မေးကြည့်လိုက်... ဂျင်သူ့က်ိုမထားခဲ့နိုင်ပါဘူး... ဘာလို့ဆိုဂျင်ကသူ့ကိုအရမ်းချစ်တာမဟုတ်လား... အတိတ်ကကိစ္စတွေကိုအတိတ်မှာပဲထားခဲ့လိုက်ပါတော့ ဂျင် "
"ဂျင်လေ တကယ်သူ့ကိုမခွဲနိုင်ဘူး... တကယ်ပဲသူ့ကိုမခွဲနိုင်ဘူး"