part 12( Unicode +Zawgyi)

2.5K 204 6
                                    

Unicode

Jeon companyထဲတွင် အသံများတိတ်ဆိတ်၍နေသည်.... ထိုအမျိုးသမီး၀င်လာသည့်အချိန်မှစ၍... ထိုသူကတော့.. ဂျွန်းဂျန်းမီ..
ပစိပစပ်များပီး မောက်မာမော်ကြွားတဲ့သူမကိုဘယ်သူကမှကြည့်မရ.. သို့သော်လည်း..ဘယ်သူကမှပြန်ခံမပြောရဲကြပေ... ဘာလို့ဆိုသူမက companyရဲ့ရှယ်ယာ၀င်တယောက်ဖြစ်တဲ့အပြင် သူ့နောက်လိုက်ရှယ်ယာ၀င်တွေကလည်း အမြောက်အများပင်...

"ကျစ်!! ဒီရွှံ့တွေကတော့.."

သူမဆီမှအလိုမကျသံထွက်လာပီး သူ့ခြေထောက်ကိုငုံ့ကြည့်ရင်း..

"ဟိုတယောက်.. ဒီကိုခန.."

Reactionက ကောင်မလေးတယောက်ကိုလှမ်းခေါ်လိုက်တယ်..

"ဟုတ်ကဲ့.. အမ..!!"
"ငါ့ဖိနပ်ကိုသုတ်ပေးစမ်း..!!"
"ရှင်!!"

ထိုကောင်မလေးအနည်းငယ်လန့်သွားသည်..

"ဘာလုပ်နေတာလဲ..?? အလုပ်ပြုတ်ချင်နေပီလား.. ဟင်??"
"မဟုတ်ပါဘူး.. သုတ်~ သုတ်ပါ့မယ်.."

ထိုကောင်မလေးက သူ့ရဲ့စကတ်အစွန်လေးနဲ့ပြောင်အောင်သုတ်ပေးပေမဲ့..

"ကျစ်!! ဒါလေးတောင်အဖြစ်မရှိဘူးလား.. ဟင်??"

ဖိနပ်ကိုသုတ်ပေးနေတဲ့ကောင်မလေးလက်တွေကို သူမနင်းချလိုက်တယ်.. ကောင်မလေးရဲ့မျက်နှာမှာ မျက်ရည်တွေပြည့်သွားတယ်..

"နင်လို့အဆင့်မရှိတဲ့ဟာက.. ဒါနဲ့ပဲတန်တယ်.. ငါပြန်ထွက်မလာမချင်း ဒူးထောက်နေ.."

သူမcompanyထဲကို၀င်လိုက်ပေမဲ့.. သူမရဲ့အ၀တ်အစား‌ေတွအ‌ေပါ်ကော်ဖီတွေစွန်းသွားခဲ့တယ်...အကြောင်းပြချက်ကတော့ သူ..... Kim Seok Jin...!!

"မင်းဘလိုလုပ်လိုက်တာလဲ..မျက်လုံးမပါဘူးလား..??"
"တောင်းပန်ပါတယ်.."

တောင်းပန်စကားဆိုနေပေမဲ့ခခယယမရှိတဲ့ဆော့ဂျင်ကြောင့်သူမဒေါသထွက်သွားသည်..

"တောင်းပန်ရုံနဲ့ပီးမလား..?? ဒီအကျီဘလောက်တန်တယ်ထင်လဲ အဆင့်မရှိတဲ့ကောင်မင်းခန္ဓာကိုယ်ကိုရောင်းစားရင်တောင် ဒီအကျီတန်ဖိုးမရဘူးသိရဲ့လား..??"
"ကြည့်ရတာ.. ခင်များအဲဒီလိုလုပ်ဖူးတယ် ထင်တယ်နော်.. အတိအကျကိုသိနေတာပဲ..."
"မင်းဘာပြောလိုက်တယ်..!!"
"မကြားဘူးလား.. နားကန်းနေတာလား..??"
"ရိုင်းဆိုင်းလိုက်တာ!!"
"ကျွန်တော့ကိုမရိုင်းရင်ကျွန်တော်ကလည်းပြန်မရိုင်းပါဘူး.. ပီးတော့ကျွန်တော်ရိုင်းတာ ခင်များတ၀က်တောင်မရှိသေးဘူး..."
"မင်း!!"

🌺If you🌺Jinkook (Complete)Where stories live. Discover now