Unicode
ဆော့ဂျင်မနက်နိုးနိုးချင်း ဂျန်းကုအိမ်ကိုအပြေးလာခဲ့ရသည်... လူေခါ်ဘဲလ်တီးတော့ ခြံစောင့်ဦးလေးကြီးက အသာတကြည်ဖွင့်ပေးတယ်... ခြံစောင့်ဦးလေးကြီးလည်း ဆော့ဂျင်ကိုမှတ်မိနေလောက်ပါပီ... ဆော့ဂျင်ကဂျန်းကုအိမ်ကို ချောင်းတင်မက ပင်လယ်ပါပေါက်အောင် ၀င်ထွက်သွားလာနေတာလေ... ဆော့ဂျင် အိမ်ထဲရောက်ရောက်ခြင်း ဂျန်းကုအခန်းစီကိုတက်သွားလိုက်တယ်... ပီးတော့လော့ခ်ချလေ့မရှိတဲ့ ဂျန်းကုရဲ့အခန်းထဲကို အသာအယာ၀င်ပီး ဂျန်းကုဘေးမှာထိုင်လိုက်တယ်... ပီးတော့ထုံးစံအတိုင်းလေး ဂျန်းကုရဲ့ ပါးကိုနမ်းပီးနှိုးလိုက်တယ်...
"Hyung ရောက်လာပီလား...??"
"အင်း..."ဂျန်းကုစကားပြောနေပေမဲ့မျက်လုံးကမဖွင့်သေးပါ... ဆော့ဂျင်လည်းဂျန်းကုကျန်တဲ့ပါးတဖက်ကိုနမ်းလိုက်တော့မှ မျက်လုံးဖွင့်လာတဲ့ယုန်လည်ကြီးပါ...
"ကဲ... ကုကီး ထတော့လေ... "
"မထချင်သေးဘူး!!"
"ထတော့လို့!!"
"ထရင်နမ်းမှာလား...??"နှုတ်ခမ်းပေါ်လက်တင်ပီးမေးတဲ့ဂျန်းကုကြောင့် ဆော့ဂျင်ရှက်ရှက်နှင့်ခေါင်းငြိမ့်လိုက်သည်...
"ထပီ!! နမ်းတော့!!
"ညစ်ပတ်အိုးကြီး!! မျက်နှာလဲမသစ်.. သွားလဲမတိုက်ရသေးဘဲနဲ့.."
"သွားတိုက်ပီးရင်နမ်းမှာလား...??"
"အင်း... "
"တကယ်နော်... "
"ကုကီး ငါစိတ်မရှည်တော့ဘူးနော်... "
"အင်းပါ... သွားတိုက်လိုက်ဦးမယ်... ပီးမှထွက်မပြေးနဲ့နော်"
"အင်းပါ... မြန်မြန်သွားတော့... "
........................................................................
"ဂျန်းကု!!!"ဆော့ဂျင်ဧည့်ခန်းထဲထိုင်နေတုန်း လူတယောက်၀င်လာတယ်... သူကတော့ ထယ်ယောင်း...
"ဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူး...??"
"မင်းကဘယ်သူလဲ...??"
"ခင်များကရော...??"တကယ်တော့ထယ်ယောင်းရုံးမသွားခင်ဂျန်းကုအိမ်၀င်လာခြင်းဖြစ်သည်... အကြောင်းကတော့ တကယ်တွဲနေတဲ့သူရှိမရှိသိချင်ရုံ... ဂျီမင်နဲ့ပြန်အဆင်ပြေဖို့ကူညီမှာမဟုတ်ပေမဲ့ ဂျီမင်စိတ်မကောင်းဖြစ်တာကိုလဲမကြည့်ရက်ဘူး... ဒါကြောင့်စိတ်ရှင်းအောင်ဂျန်းကုကိုမေးချင်မိသည်... ဧည့်ခန်းထဲ၀င်လာတော့ကောင်လေးတယောက်ထိုင်နေတယ်...သူ့ကိုထယ်ယောင်းတနေနေရာမှာတွေ့ဖူးသလိုခံစားရတယ်...