Arc_2.10

1.8K 177 0
                                    

"cynthiaကော ဘာလို့မပါလာတာလဲ"
"အကြီးအကဲdavid ဟိုဟာကျွန်မcynthia ကိုသွားခေါ်တော့သူ့အိမ်မှာမတွေ့လို့ လိုက်ရှာရင်းwerewolfဖက်ကလူတစ်ယောက်နဲ့ တူတူလိုက်သွားတာတွေ့လိုက်ပါတယ်"
"မင်းတို့ပြောတော့ ငြိမ်းချမ်းရေးဆို အခုတော့ငါ့မြေးကို ဖမ်းထားတယ်ပေါ့"
"မဖြစ်နိုင်ပါဘူး ကျွန်တော်ကခေါင်းဆောင်ရဲ့လူယုံsunပါ ကျွန်တော်တို့ဒီကို မဟာမိတ်ဖွဲ့ဖို့ပဲလာတာပါ တစ်ခုခုအထင်လွဲနေတာဖြစ်ပါလိမ့်မယ် ကျွန်တော်တို့အဲ့ကိုလိုက်သွားကြည့်ရအောင်"
"ငါ့မြေးတစ်ခုခုဖြစ်လို့ကတော့ ငါမင်းတို့ကိုဒီအတိုင်းပြန်လွတ်မယ်မထင်နဲ့"
အဖိုးdavidရဲ့စကားအဆုံး werewolfတွေအကုန်လုံးအေးစက်သွားတယ်

ဒီဖက်မှာတော့
ဒုန်း (တံခါးကန်ဖွင့်လိုက်သံပါ)
"မင်းဘာလုပ်နေတာလဲ solo"
Cynthia austinကိုဖက်ပြီး ငိုလိုက်တယ်
"ကိုကိုaustin ဟင့်...ဟင့် ညီမဘဝတော့ဆုံးပြီလို့ ထင်လိုက်တာ"
"ဘာမှမဖြစ်တော့ဘူး အကိုရောက်လာပြီ တိတ် မငိုနဲ့တော့နော်"
"‌solo မင်းကိုငါးမိနစ်ပေးမယ် အခုဘာဖြစ်နေတာလဲ"
"ခေါင်းဆောင် stellaခိုင်းလို့လုပ်ရတာပါ သူပြောတာကခေါင်းဆောင်လည်း သဘောတူတယ်တဲ့"
"မင်းအပြစ်မင်းသိတယ်နော် ပြန်ရောက်ရင် အပြစ်ပေးခန်းမကိုသွားရမယ်"
"ဟုတ်ကဲ့"
soloတစ်ယောက်stellaကို သတ်ပစ်ချင်နေမိတယ်
"ကိုကို cynthia stellaကိုမုန်းတယ်"
"ကိုကိုသူ့ကို ဘာလုပ်ပေးရမလဲသတ်ပေးရမလား"

ကျွီ
"cynthia နင်တကယ်ဘဲတစ်ခြားကောင်နဲ့ တူတူရှိနေတာပဲ ဟက်"
"ဘာတွေလာပြောနေတာလဲ lucas "
"မြေးလေး ဘာဖြစ်သွားသေးလဲ မင်းကဘာကိစ္စနဲ့ ငါ့မြေးကိုဖမ်းထားရတာလဲ"
"ကျွန်တော်က ဖမ်းထားတာမဟုတ်ပဲ သူ့ကိုကယ်ထားတာပါ"
"ဟုတ်တယ်ဖိုးဖိုးရဲ့ သမီးကိုstellaကဆေးခတ်ပြီး ဒီလူ့လက်ထဲပေးလိုက်လို့ ကိုကိုကကယ်ပေးထားတာ"
"ဘာ stellaပြောစမ်း ဘယ်လိုဖြစ်တာလဲ"
"ကျွန်မ မလုပ်ပါဘူးcynthia မင်းငါ့ကိုမကြိုက်တာသိပင်မဲ့ ဒီလိုတော့မလုပ်သင့်ဘူး"
"ဟက် သရုပ်ဆောင်မနေပါနဲ့ ငါ့မှာ သက်သေနှစ်ယောက်တောင်ရှိတယ်"
"သူတို့စကားကို ဘယ်လိုယုံလို့ရမှာလဲ ပြီးတော့နင်ကသူ့ကို ကိုကိုလို့လည်းခေါ်သေးတယ်"
*Cynthia နင်ဘာတတ်နိုင်သေးလဲ ဘယ်သူ့မှနင့်ကိုမယုံတော့ဘူး*
"Stellaပြောတာကို ငါလက်ခံတယ် သူကဟိုတစ်ခါမြို့ပြင်ထွက်တုံးက တွေ့ခဲ့တဲ့တစ်ယောက်မလား သူကနင်နဲ့အသိဆိုတော့ နင်ပြောသလိုလုပ်ပေးမှာပဲ အဲ့ဒါကြောင့်ငါတို့သူပြောတာကိုမယုံဘူး"
"မင်းမယုံလည်းမတတ်နိုင်ဘူး werewolfအားလုံး ငါ့စကားကိုနားထောင်ကြ stellaကိုငါတို့မျိုးနွယ်စုကနေ ထုတ်ပယ်လိုက်ပြီ
အကြောင်းပြချက်ကတော့ သူ့ကိုငါ့ရဲ့ညီမလေးက မကြိုက်ဘူးတဲ့"
"ဟိုလေ ခေါင်းဆောင်ကျွန်တော်မေးစရာရှိလို့ပါ ခေါင်းဆောင်ရဲ့ညီမလေးကဘယ်သူလဲဟင်"
"cynthiaက ငါညီမလေးတော်ထားတဲ့သူပဲ သူကစစ်မဖြစ်ချင်လို့ ငါကမဟာမိတ်လာဖွဲ့ပေးတာ cynthiaအကို့ကို စိတ်ဆိုးလား အကိုကခေါင်းဆောင်ဆိုတာ ကြိုမပြောခဲ့လို့ "
"ဟီးဟီး စိတ်မဆိုးပါဘူး‌ ခေါင်းဆောင်ကို အကိုတော်ရလို့ ပျော်တောင်ပျော်သေးတယ်"
"ဘာတွေပြောနေတာလဲ werewolfတွေရဲ့ခေါင်းဆောင် ကျွန်မကိုထုတ်ရအောင် ကျွန်မကwerewolfမှမဟုတ်တာ cynthiaကိုသာ vampireတွေကိုသစ္စာဖောက်လို့ ထုတ်ပယ်ရမှာ"
"ငါ့မြေးကိုထုတ်ရအောင် မင်းကဘာအဆင့်ရှိလို့လဲ"
"အဖိုး‌မပြောနဲ့တော့ ကျွန်တော်ပြောမယ် မင်းကိုငါကိုယ်တိုင်vampireတွေဆီ လွန်ခဲ့
တဲ့ဆယ်နှစ်က သူလျှိုအနေနဲ့လွတ်ခဲ့တာ မင်းကwerewolfလား vampireလားဆိုတာကိုတော့ ငါအခုပဲသက်သေပြပေးလိုက်မယ်"
"အား ပူတယ် နာတယ်ခေါင်းဆောင်တော်ပါတော့ ကျွန်မကိုခွင့်လွတ်ပေးပါ"
stellaမျက်လုံးကနေ သွေးထွက်လာတာကိုမြင်လိုက်တော့ vampireနဲ့werewolfတွေအကုန် အံ့ဩသွားတယ် သူ့မှာစွမ်းအင်ရှိနေတယ် သူတို့သိထားတာကသတင်းအမှားပေါ့ sunတစ်ယောက်ပဲတည်ငြိမ်စွာနဲ့ရပ်နေခဲ့တယ်
"အခုငါပြောတာကို ယုံပြီလားvampireတွေရဲ့ခေါင်းဆောင် lucas"

Luminous SystemWhere stories live. Discover now