Arc_3.5

1.5K 146 0
                                    

အားလုံးပဲmarie ပြန်လာပါပြီစောင့်နေသူတွေရှိရဲ့လား😍😍

//////////////
Feather စက်ရုံရှေ့ကို လိမ္မော်ရောင်Chevrolet corvette ကားတစ်စီးလာရပ်တယ် အားလုံးကကားထဲကထွက်လာမဲ့သူကို သိချင်နေကြတယ်
အဲ့အချိန်ကားတံခါးပွင့်လာပြီးကားထဲက အနီရောင်ရှပ်နဲ့အနက်ရောင်စကပ်ဝတ်ထားတဲ့မိန်းကလေးဆင်းလာတယ်
G1"Wow ချောလိုက်တာ"
B1"အဲ့တာ Unicorn ရဲ့CEOမလား"
G2"ဟုတ်တယ် ပြောနေတာတွေထက်ပိုချောတာပဲ"
B1"တစ်ခါလောက်လက်ဆွဲနှုတ်ဆက်ခွင့်ရရင် သေပျော်ပြီ"
ဆုလဒ်အဲ့ကောင်လေးနားသွားပြီး "အာ့ဆိုလက်ဆွဲနှုတ်ဆက်ရအောင်လေ"
B1"တကယ်လားခင်ဗျာ့"
"တကယ်ပေါ့တို့ကမလိမ်တတ်ဘူး" ဆိုပြီးလက်ဆွဲလိုက်တယ်
G1"မနာလိုလိုက်တာ"
G2"ဟုတ်တယ်"
"ဆုလဒ်ဘာလုပ်နေတာလဲ"
"ကိုသုခရောက်လာပြီလား အာ့ဆိုသွားရအောင်လေ"
"အားလုံးကို အဲ့လိုနှုတ်ဆက်နေမှာလား"
"မဟုတ်ပါဘူး သူကသေပျော်ပြီဆိုလို့လေ ဒါနဲ့ရှင့်ရဲ့အတွင်းရေးမှူးကောမပါဘူးလား"
"မခေါ်လာဘူး မင်းတစ်ခြားကိစ္စတွေစိတ်မ၀င်စားသင့်ဘူး"
*၀မ်ဝမ် သူ့ဟာမအကြောင်းတောင်အပြောမခံဘူး ကပ်စီးနည်းလိုက်တာ*
'ဟုတ်တယ် hostချစ်သူလုပ်ဖို့တစ်ခြားတစ်ယောက်ရှာထားကြည့်ရမလား'

*ဘယ်သူနဲ့ပဲဖြစ်ဖြစ်တွဲလို့ရတယ်ပေါ့ မိုက်တယ်*
"ဆုလဒ် ဘာတွေစဉ်းစားနေတာလဲ အစတွေကိုစိတ်တိုင်းကျရဲ့လား"
"အင် အသားလေးကလည်းအိနေတာပဲ"
"ဆုလဒ်ဝတ်လိုက်ရင် တော်တော်လှမှာ'
"ဟုတ်လို့လား"
"ပစ္စည်းထွက်လာရင် ဝတ်ပြလေကိုယ်ကြည့်ပေးမယ်"
"ဘာတွေလာပြောနေမှန်းလဲမသိဘူး"
"ကိုယ်ကစတာပါ ညနေစာသွားစားရအောင်လေ ကိုယ်ဝယ်ကျွေးမယ်"
"Hotpotစားချင်တာနော်"
"ဟုတ်ပါပြီ ဆုလဒ်ကားကို ညနေမှအကို့ဝန်ထမ်းလာပို့လိမ့်မယ်"
"အင်းပါ ဒါနဲ့အကိုက hotpotမစားဘူးမလား အ၀တ်ပေလို့ဆို"
"ဆုလဒ်ကိုဘယ်သူပြောလဲ"
"သုတပြောတာ"
"သူနဲ့မစားချင်လို့ပြောလိုက်တာပါ ဒါမဲ့ဆုလဒ်နဲ့တော့စားချင်တယ်"
"ဟုတ်ပါပြီရှင့် သွားရအောင်လေ"

~~~~~~~~~~
"ကိုသုခလည်းစားလေ ဆုလဒ်ကိုပဲထည့်ပေးမနေနဲ့"
"အင် ငယ်လေးနဲ့ဘယ်တုန်းကပြန်တွေ့တာလဲ"
"ဆုလဒ်အမေရိကားက ပြန်လာတော့သုတကို ဆက်သွယ်လိုက်တာ"
"ကိုယ့်ကိုဘာလို့မဆက်သွယ်တာလဲ"
"သုတကမော်ဒယ်ဆိုတော့ ရှာရပိုလွယ်လို့လေ"
သုခတိုးတိုးလေးပြောလိုက်တယ် "ကိုကရှာရပိုလွယ်တယ်"
"ဘာပြောလိုက်တာလည်းဟင်"
"ဘာမှမဟုတ်များများစား"
*၀မ်လေးသူကင့ါကိုလည်းအလွတ်မပေးဘူး နှာဘူးကြီး*
'hostက အဲ့တာကိုပဲကြွေနေတာမလား'

Luminous SystemWhere stories live. Discover now