မေယင်း ကိုမျိုးလက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်တယ် အိမ်ရောက်တော့
"အဖေ သမီးလက်ထပ်တော့မယ်"
မေယင်းရဲ့အဖေက ရုပ်တည်ကြီးနဲ့
"ဘယ်သူနဲ့လဲ ဇေယျာနဲ့မဟုတ်ရင် သဘောမတူဘူး"
"ကိုမျိုးနဲ့ပါပဲ"
"အင် ဒါဆိုရင်တော့ အဖေတို့စိတ်ချရပါပြီ နော်မိန်းမ"
"ဒါပေါ့ရှင့် သမီးမနက်ဖြန် ဇေယျာကို ညစာစားဖို့ ဖိတ်လိုက်အုံး"
"ဟုတ်ကဲ့မေ သမီးသွားနားတော့မယ်နော်"
"အေအေ သမီးသွားသွား"
'ဂုဏ်ယူပါတယ်host မိဘတွေကိုပျော်ရွှင်အောင် ထားနိုင်လို့ point 1000 ရရှိပါတယ်
မကြာခင် mission အားလုံးပြီးမြောက်တော့ပါမယ်'*ကောင်းတယ်*
ညစာစားချိန် မရောက်ခင်ကတည်း ကိုမျိုးကအိမ်မှာ သောင်တင်နေတယ်
"လာကြတော့ စားလို့ရပြီ"
မေမေက
"သားထည့်စားနော် အားမနာနဲ့ သားအကြိုက်ကြည့် ချက်ထားတာ"
"မေမေ သူက အမေ့သားအရင်းမလား သမီးကိုက ကောက်လာတာမလား"
'မျိုးဇေယျာရဲ့ချစ်ခြင်း 80% ရောက်သွားပါပြီ'အဖေ ကမျက်လုံးမှိတ်တဲ့အထိ ရယ်ရင်း
"ဟား.....ဟား လာသမီးကိုက အဖေထည့်ပေးမယ်"
"ဖေဖေတို့မရှိတော့ရင် သမီးအကိုနဲ့ဇေယျာကပဲ သမီးကိုစောင့်ရှောက်ပေးရမှာ"
"ဖေတို့က အသက်ရှည်ရှည် နေရမှာပါ"
ဇေယျာပြုံးပြီးပဲ ကြည့်နေမိတယ်
*သူကို့ငါ သေချာစောင့်ရှောက်မယ်*
'မျိုးဇေယျာရဲ့ချစ်ခြင်း 100% ရောက်သွားပါပြီ'မေယင်းနဲ့အကို ကတစ်ရက်တည်း လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တယ်
မေယင်း ကိုမျိုးရဲ့လက်ကိုတွဲပြီး ဟောခန်းထဲဝင်တော့ အနီရောင်နှင်းဆီပွင့်ဖတ်တွေက လျှောက်လမ်းတစ်လျှောက်မှာ ကျဲထားတယ်'host ချစ်တဲ့သူနဲ့ ပေါင်းဖက်နိုင်လို့ point 1000 ရပါတယ်
host ဆက်နေမလား ကူးပြောင်းမလား '
*ကူးပြောင်းမယ်*System space
'အမည် မေယင်းခ
ရုပ်ရည် 10(ကမ္ဘာတိုင်းတိုးမြင့်)
Point 5300/100000
သိုလှောင်ရုံထဲရှိပစ္စည်း ???
တက်ကျွမ်းသောပညာ ???''host နောက်ဘဝမသွားခင် ပညာတစ်ခုသင်လို့ရပါတယ်
အတိုက်အခိုက်၊ချက်ပြုတ်၊ဂီတ ပါ'
"အတိုက်အခိုက်"
'မှတ်ဥာဏ်လွဲပြောင်းလိုက်ပါပြီ'အမည် မေယင်းခ
ရုပ်ရည် 10(ကမ္ဘာတိုင်းတိုးမြင့်)
Point 5300/100000
သိုလှောင်ရုံထဲရှိပစ္စည်း ???
တက်ကျွမ်းသောပညာ အတိုက်အခိုက်''ကူးပြောင်းစတင်ပါပြီ'
'10...9...8...3...2...1'************
"ကိုမျိုးနဲ့ပါပဲ"
"အေအေ သမီးသွားသွား"
"လာကြတော့ စားလို့ရပြီ"
မေမေက
'အမည် မေယင်းခ
Point 5300/100000
"အတိုက်အခိုက်"
Point 5300/100000
'10...9...8...3...2...1'
YOU ARE READING
Luminous System
Fantasyသူမနာမည်က မေယင်းခ ချစ်ရတဲ့သူနဲ့ အချစ်ဆုံး သူငယ်ချင်းရဲ့သတ်ချင်းကို ခံခဲ့ရပြီး systemတစ်ခုနဲ့ ချိတ်ဆက်မိခဲ့တယ် သူကျိန်ဆိုခဲ့တယ် သူပြန်လည်မွေးဖွားခဲ့ရင် နှစ်ယောက်လုံးကို သူ့လိုမျိုးပြန်ပြီး နာကျင်စေရမယ်လို့ Start ~~~24.10.2020 End ~~~ #Mariepink **...