Arc_1.4

3K 257 2
                                    


*ဝမ်ဝမ် နေနက္ခတ် ဘာလုပ်နေလဲ*
'canteen မှာပါ host'

*ကျေးဇူး*
ပြောပြီး‌ မေယင်းအကို့ကို ဖုန်းခေါ်လိုက်တယ်
"မေယင်း ကိုလာကြိုလေ မနက်ဖြန် ကျောင်းပိတ်တော့ ဒီနေ့အိမ်ပြန်လာမလို့"
"အင် မေမေတို့ကလည်း တွေ့ချင်တယ်ဆိုလို့ အကိုလာခေါ်တာ ကျောင်းနား‌တောင် ရောက်နေပြီခဏစောင့်"
"နင့်တို့ အရင်ပြန်လိုက်တော့လေ ကိုကြီးက အိမ်ပြန်ဖို့ လာကြိုတယ်"
"အင်းပါ ကျောင်းဖွင့်မှတွေ့မယ်နော် ဟိုမှာနင့်အကို ရောက်ပြီ Byebye"
"Bye"
"ကိုကြီးလာ canteen သွားရအောင် ဗိုက်ဆာတယ်"
*ဝမ်ဝမ် ဟိုကောင်ရှိနေသေးတယ်မလား*
'ရှိပါတယ် host ရဲ့ညီမနဲ့စကားပြောနေပါတယ်'

*ကောင်းတာပေါ့ လရိပ်ရှိနေတော့ ပိုတောင်ကောင်းသေးတယ်*
"ကိုကြီး ဘာမှာမလဲ"
"ဖျော်ရည်ပဲမှာလိုက် မမြင်ချင်တဲ့သူတွေ မြင်လိုက်ရတော့ ခံတွင်းပျက်သွားပြီ"
"ခင်များ ဘာပြောတာလဲ"
"မင်းကိုမပြောဘူး တိတ်တိတ်နေ ကိုယ်ကို အထင်ကြီးမနေနဲ့"
"ခင်များ"
*စိတ်ရှုပ်လိုက်တာ*
"စတော်ဘယ်ရီမစ်ရှိတ် နှစ်ခွက်ပေးပါ"
"အကိုတစ်ယောက်လုံး မြင်တာတောင် နှုတ်မဆက်ဘူး ယဉ်ကျေးမှု မရှိလိုက်တာ"
"မဟုတ်ပါဘူး ညီမက အကိုစိတ်ရှုပ်သွားမှာ စိုးလို့ပါ"
*ဝိုး  ဇာတ်လိုက်မ လို့မပြောရဘူး သရုပ်ဆောင် တော်လိုက်တာ*
"ရပြီ နက္ခတ်နဲ့ပဲ စကားသွားပြောပါ ကိုကြီးလည်း တော်တော့ ဖျော်ရည်သောက်"
"အင်"
ဟိုလူကြီး သူ့ညီမကို ပြုံးပြီး‌ပြောနေတာ မြင်တော့ နက္ခတ်တွေးလိုက်မိတယ်
*သူ့ညီမကြတော့ ချိုသာနေလိုက်တာ ငါ့ကြတော့ခုပဲ ထသတ်တော့မယ့်ပုံနဲ့*
"လရိပ် ပြီးပြီမလား ပြန်မယ်ထ"
"အင်  ပြီးပြီ"
မေယင်းကိုကြည့်လိုက်တော့ ဖျော်ရည်ကို ခေါင်းလေးငုံ့ပြီး သောက်နေတယ် ဝမ်းနည်းနေတာဖြစ်မယ်
*နင်ဘာတက်နိုင်သေးလဲ နက္ခတ်က ငါ့ကိုပဲကြိုက်တာ ဟဟ*
*ဝမ်ဝမ် ငါ့အမြင်တော့ ငါ့အကိုတို့အတွဲကို မြန်မြန်ညားအောင်လုပ်ရမယ် ထင်တယ်*
'‌ကောင်းပါတယ် host'

လရိပ်ချိုသာ မေယင်းက သူ့အကြောင်းကို စိတ်မဝင်စားပဲ အကို့ကို လင်ပေးစားဖို့ ကြံနေမှန်းသိရင် သွေးအန်လောက်တယ်

*************
'canteen မှာပါ host'

*ကျေးဇူး*
"Bye"

"ကိုကြီး ဘာမှာမလဲ"
"ခင်များ ဘာပြောတာလဲ"
"ခင်များ"
*စိတ်ရှုပ်လိုက်တာ*
"အင်"
"အင်  ပြီးပြီ"
'‌ကောင်းပါတယ် host'


Luminous SystemWhere stories live. Discover now