Arc_1.5

3K 257 2
                                    


    ဒီနေ့ ည‌နေလေးနာရီမှာ မေယင်းတို့ရဲ့ KFC ဆိုင်ခွဲ နှစ်ဆယ်တိုးချဲ့နိုင်လို့ ဂုဏ်ပြုပါတီရှိတယ်
   မေယင်း အနီရောင်ရေသူမပုံစံdress ကိုဝတ်လိုက်တယ်
"မေမေ မေယင်းလှလား"
"ဒါပေါ့ ပွဲမှာငါ့သမီးလေးက  အလှဆုံးပဲဖြစ်မှာ ငယ်လေးကော မပြီးသေးဘူးလား"
"သားဇေယျာ ရောက်ပြီလားခဏစောင့်ဦးနော်"
"ဟုတ်ကဲ့ဦးလေး ဝိုး ငါ့ညီမလေးက လှလိုက်တာ နတ်သမီးလေးအတိုင်းပဲ"
*ဝမ်ဝမ် ဒီကောင်ဘာဖြစ်နေတာလဲ အရယ်အပြုံးမရှိ ရက်စက်တဲ့သူဆို အခုကြတော့ငါ့ထက်တောင် စကားများနေသေးတယ်*
'host ဝင်ရောက်လိုက်တော့ ဇာတ်လမ်းပြောင်းသွားသလို သူလဲပြောင်းလဲသွားတာ ဖြစ်မှာပေါ့'

"ကိုမျိုးလည်း အမဲရောင်နဲ့လိုက်တယ်"
လရိပ်ချို ဆင်းလာတော့ ကိုမျိုးနဲ့စကားပြောနေတဲ့ မေယင်းကိုတွေ့လိုက်တယ်
*ဒီဟာမက ငါ့ထက်လှအောင်ပြင်ထားပြန်ပြီ*
"ဖေဖေ"
"ဝါး ငါ့ညီမက အဖြူလေးနဲ့အရမ်းလှတာပဲ"
"မမက ပိုလှပါတယ်"
"ကျေးဇူး"
မေယင်းပြောပြီးတော့ ကိုမျိုးက
" အာ့ဆို သွားကြရအောင်လေ"
လရိပ် ကိုမျိုးသူ့ကို ကြည့်မလားလို့ ကြည့်လိုက်တော့ သူကအပြင်တောင် ရောက်သွားပြီ
*တောက်စ် ငါ့ကိုတစ်ချက်တောင် လှည့်မကြည့်ဘူး*

ပွဲရောက်တော့
"ကိုကြီး မေယင်းတို့ရောက်ပြီ"
"ညီမလေးတို့ စားချင်တာ အရင်သွားစားနင့်လေ ဝိုင်မသောက်ရဘူးနော်"
"ဟုတ်"
'host ဇာတ်လိုက်မက hostကိုဆေးခပ်မလို့လုပ်နေပါတယ်ဂရုစိုက်ပါ'

*အင်*
B1"အနီနဲ့တစ်ယောက်ကချစ်စရာလေး အသားလေးကလဲဖွေးနေတာပဲ"
G1"KFC ပိုင်ရှင်ရဲ့ သမီးလတ်လေ"
B2"အာ့ဆို အဖြူလေးက အငယ်ဆုံးသမီးဖြစ်မယ် ညီမနှစ်ယောက်လုံးက အမေနဲ့တူတာပဲ"
G2"မသိရင်မပြောနဲ့ အငယ်ဆုံးက နောက်မိန်းမနဲ့ရတာ သူ့အမေက ဆုံးသွားပြီ"
G1"သူ့မိန်းမရဲ့ သူငယ်ချင်းဆို"
G2"ဟုတ်တယ်"
*စိတ်တိုဖို့ကောင်းလိုက်တာ သူတို့နဲ့မဆိုင်ပဲနဲ့ ဘာလို့ပြောနေကြလဲ မမခဏပဲစောင့် နင့်အတွက်ပွဲလှလှလေး စီစဉ်ထားတယ် *
"ဟယ်လို နင့်အစီအစဉ်ကို ငါသဘောတူတယ်.....ဒါပဲ"
"မမ ဒီဖျော်ရည်လေးကောင်းတယ် သောက်ကြည့်"
"အင် ကျေးဇူးနော်"
*ဝမ်ဝမ် ဖြေဆေးပေး*
'point  50ပါ host'

Luminous SystemWhere stories live. Discover now