Arc_4.5

1K 83 2
                                        

'ကောရဲ့ဘ၀အမှန်ကိုရှာပါ point 1000'

"မင်စုကိုယ့်ကို စိတ်ဆိုးနေတုန်းလား"
မင်စု လီကျင့်ရဲ့မျက်လုံးကိုစိုက်ကြည့်ပြီးပြောလိုက်တယ်
"ကျွန်မပြောတာကို သေချာနားထောင်"
"အင်"
"ရှင်နဲ့ရှန်လေ့ ကျန်းပိုင်လီကိုဘာလုပ်ဖို့ကြံနေတာလဲ"
"ကိုယ်"
"ဒီကိစ္စကိုပြောပြမလား ဒါမှမဟုတ် ကျွန်မတို့ကွာရှင်းကြမလား"
လီကျင့်ဘာလုပ်ရမလဲစဉ်းစားနေတုန်း မင်စုပြောလိုက်တဲ့စကားကြောင့် ရှန်လေ့ကိုသစ္စာဖောက်လိုက်တယ်
"ကျန်းပိုင်လီမှာ အကိုတစ်ယောက်ရှိတယ် သူ့အကိုကျန်းစစ်ကျုံးကကိုယ်တို့စစ်သူကြီး
မင်နိုင်ငံနဲ့စစ်ဖြစ်တော့ သူကကိုယ်တို့ရဲ့စစ်ရေးဗျူဟာကို မင်နိုင်ငံကိုရောင်းစားလိုက်လို့ လျန်နိုင်ငံကစစ်ရှုံးမလိုဖြစ်သွားတယ် စစ်ကျုံးကသစ္စာဖောက်မလို့ ခေါင်းဖြတ်သတ်ခံရတယ်
ဒီတစ်ခေါက် ကိုယ်စစ်တိုက်ပြီးပြန်လာတော့ လမ်းမှာကောတစ်ယောက်ကအကူညီတောင်းလို့ခေါ်လာတယ်
အစကတော့သူ့ကို ငယ်သားတွေလက်ထဲထည့်မလို့ ဒါပေမဲ့သူကတစ်လမ်းလုံးစစ်ကျုံးအကြောင်းကိုစုံစမ်းနေလို့ ကိုယ်အိမ်ပြန်ခေါ်လာခဲ့တာ"
လီကျင့်မင်စုကိုကြည့်လိုက်တော့ ဆက်ပြောဆိုတဲ့သဘောနဲ့ မေးဆတ်ပြတယ်
"ကိုယ်ရှန်လေ့နဲ့တိုင်ပင်ပြီး သူ့အကြောင်းကိုစုံစမ်းလိုက်တော့ စစ်ကျုံးရဲ့ညီမဖြစ်နေလို့ကိုယ်တို့က သူ့ကိုစောင့်ကြည့်နေတာ အခုထိတော့သူဘာမှမလုပ်သေးဘူး တစ်နှစ်ပြည့်တာနဲ့မောင်းထုတ်ဖို့စဉ်းစားထားတာ ဘာလို့ဆိုအဲ့တုန်းက ကိုယ်ကသူ့အကိုကို သတ်ရတဲ့သူလေ"
"အော် ကျွန်မတောင်းဆိုတာတစ်ခုထပ်လုပ်ပေးရင်စိတ်မဆိုးတော့ဘူး"
"ကိုယ်ဘာလုပ်ပေးရမလဲပြော"
"သူက ကျွန်မနဲ့သားကိုအဆိပ်ခတ်ထားတာမလို့ လွယ်လွယ်နဲ့မောင်းမထုတ်ချင်ဘူး သူမကိုအရှက်ကွဲပြီးသေစေချင်တယ် ဘယ်လိုလဲ"
"မင်စုပျော်ရင်ပြီးတာပဲဘာလုပ်လုပ် ကိုယ်ကအလောင်းဖျောက်ပေးမယ်"
"အပိုတွေ ဟင်း"
'ဂုဏ်ယူပါတယ် point 1000 ရပါပြီ'

*၀မ်ဝမ် မင်စုရဲ့နောက်ဆုံးဆန္ဒကိုဘယ်လိုလုပ်မလဲ သူ့ကိုမယုံတာမဟုတ်ပဲ ကောကိုစောင့်ကြည့်တာလေ*
'ပြောဖို့မေ့နေတာ မင်စုနဲ့သူ့သားအဆိပ်ခတ်ခံရမှန်းသိတာနဲ့ နောင်တတွေရပြီး ပြည့်သွားတာကြာပြီ ဟီးဟီး'

Luminous SystemWhere stories live. Discover now