Arc_4.1(ဟန်မင်စု)

1.5K 97 0
                                    

'မှတ်ဉာဏ်တွေပို့လိုက်ပါပြီ host'

အခုဝင်ထားတဲ့ကိုယ်ရဲ့နာမည်က ဟန်မင်စု၊ စစ်သူကြီးရန်လီကျင့်ရဲ့မိန်းမ ရန်မင်ရှန်းဆိုတဲ့၆နှစ်အရွယ်ကလေးတစ်ယောက်ရှိတယ်
သူမယောကျာ်းစစ်ပွဲကအပြန်ခေါ်‌လာတဲ့ကော ကျန်းပိုင်လီမရောက်လာခင်အထိ သူမမိသားစုကပျော်ရွှင်စရာလေး
ရန်လီကျင့်၊ လျန်ရှန်လေ့နဲ့သူမ က ငယ်သူငယ်ချင်းတွေ သူတို့ထဲမှာသူမကအငယ်ဆုံးပေါ့
ရှန်လေ့က သူမကိုကြိုက်နေတယ်ဆိုတာကို ကျန်းပိုင်လီကသိသွားပြီး လီကျင့်ကိုမင်စုက ရှန်လေ့နဲ့ဖောက်ပြန်နေတယ်ဆိုပြီးသွားပြောတယ် ရန်လီကျင့်ကစိတ်တိုပြီး သူမကိုဂရုမစိုက်တော့ဘူး သူမတို့ရဲ့သားလေးကိုလည်းရှန်လေ့နဲ့ရတယ်ထင်ပြီး မုန်းနေတယ် ပြသာနာကအခုထိမပြီးသေးဘူး ကျန်းပိုင်လီက မင်စုကိုတစ်နေ့နည်းနည်းအဆိပ်ခတ်ထားတဲ့အတွက် သူမသိုင်းလည်းချလို့မရတော့ဘူး တစ်နေ့တစ်နေ့ကောရဲ့နှိပ်စက်တာကိုပဲခံနေရတယ်
လီကျင့်ရှေ့ဆိုဖြူစင်သလိုနဲ့ နောက်ကွယ်မှာတော့ အစေခံတွေကိုလည်း အနိုင်ကျင့်နှိပ်စက်တယ်
ရန်လီကျင့်စစ်တိုက်ထွက်တဲ့နေ့မှာပဲ ကျန်းပိုင်လီက မင်စုနဲ့သူမရဲ့သားကို အဆိပ်ခတ်သတ်ခဲ့တယ် သေခါနီးမှသိလိုက်ရတာက သူမကသူ့ထက်တော်နေတာကို မကြိုက်လို့ ပထမမင်းသားနဲ့စကားပြောနေတာကိုတွေ့သွားလို့ သတ်တာတဲ့

' သူမရဲ့ဆန္ဒက
မင်ရှန်းလေးကို ပျော်ပျော်နေစေချင်တယ် point 1500
ကျန်းပိုင်လီကို အရှက်ကွဲပြီးသေစေချင်တယ် point 2000
လီကျင့်သူမကိုမယုံလို့ နောင်တရစေချင်တယ် point 500 '

*ကလေးတစ်ယောက်အပိုရတာပေါ့ ကျန်းပိုင်လီအရှက်ကွဲရုံတင်မဟုတ်ဘူး ဟန်မင်စုခံစားရတာထက်ဆယ်ဆပိုခံစားရအောင်လုပ်ပြမယ် *
'hostခြေလွန်လက်လွန်မဖြစ်စေနဲ့နော်'

*အင်းပါ ဝမ်ဝမ်သူသေပြီးနောက်ဖြစ်တဲ့ဟာတွေလည်းမပါဘူး*
' ဟန်မင်စုသေပြီးနောက်ပိုင်းအကြောင်းတွေက hostကိုယ်တိုင်ရှာရမှာပါ အလကားမပြောပြပါဘူး'

*point နဲ့ဝယ်လို့ပြောချင်တာမလား *
'ဟုတ်ပါတယ် ဟီးဟီး'
ဝမ်ဝမ်မှာမျက်နှာပါရင် ခုချိန်ပါးစပ်ကနှာရွက်တတ်ချိတ်နေလောက်တယ်
*ဝမ်ဝမ်နင်ကိုငါကိုယ်ထည်ဝယ်ပေးရမလား*
'တကယ်လား host'

Luminous SystemWhere stories live. Discover now