Arc_2.7

1.9K 178 9
                                        


Cynthiaတို့ vampireမြို့ထဲကို ခြေချရုံရှိသေးတယ်
"Lucas ပြန်ရောက်ပြီလား မြို့ပြင်သွားတာ stellaကိုလည်းမခေါ်ဘူး"
"တာဝန်နဲ့သွားတာ"
stella မျက်နှာပျက်သွားပင်မဲ့ ပြုံးပြီးတော့
"ဒုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်"
Cynthia stellaကိုဂရုမစိုက်ပဲ Lucasကိုပြောလိုက်တယ်
"အာ့ဆို cynthiaတို့အရင်ပြန်နှင့်ပါမယ့်"
"အင်"

အိမ်ပြန်ရောက်တော့
"မြေးလေးပြန်ရောက်ပြီလား ပျော်ခဲ့ရဲ့လား"
"ပျော်တာပေါ့ ဖိုးဖိုးနဲ့အဖေကိုလည်းလွမ်းနေတာ"
"ဒီကောင်မလေးကတော့ ချွဲနေပြန်ပြီ သွား မနက်ဖြန်ကျောင်းတက်ရမှာ ပင်ပန်းလာပြီး သွားနားလိုက်ဦး"
"ဟုတ်အဖေ သမီးသွားအိပ်လိုက်အုန်းမယ်"
*ဝမ်ဝမ် နင်lucasရဲ့ငါ့အပေါ်  ချစ်ခြင်းဘားလည်း မပြပါလား*
'hostမှ မမေးတာကို
Lucasရဲ့ချစ်ခြင်း 50%'

*အများကြီးပါလား*
'သူကhostကို austinနဲ့မနာလိုဖြစ်ပြီး အများကြီးထိုးတက်သွားတာ'

"အော် အာ့ကြောင့်အဲ့နေ့က ငါ့ကိုလာအော်နေတာကို"
*ဝမ်ဝမ် vampireနဲ့werewolf တွေရဲ့ အစွမ်းအကြောင်းပြောပြအုန်း မနက်ဖြန်ငါကျောင်းတက်ရတော့မှာ*
'အဲ့အကြောင်းမေးဖို့ သတိရသေးတယ်နော်host'

*ဝမ်ဝမ်လေးကလည်း ငါ့ကကျောင်းမသွားရသေးတော့ မေးဖို့မေ့သွားလို့ပါ*
'host အပျော်ရှာနေလို့ မေ့နေတာပါထားပါ ကျွန်တော်ရှင်းပြတော့မယ် သေချာနားထောင်'

*အင်းပါ*
'vampireတွေရဲ့ အစွမ်းကအပြေးမြန်တယ် ၊အနံ့ခံကောင်းတယ် ၊လက်နက်တီထွင်တာတော်တယ် ၊နေရောင်ထဲမှာလှုပ်ရှားဖို့ ဆေးတွေတီထွင်နိုင်တယ် ၊ဒါကရိုးရိုး vampireတွေအကြောင်း Lucasနဲ့cynthiaတို့လို သန့်စင်တဲ့သွေးမျိုးဆက်တွေမှာတော့ စိတ်စွမ်းအင်ရှိတယ်
အာ့ကြောင့်မျိုးနွယ်စုက သူတွေကလွဲရင်တခြားဘယ်သူကို မှမပြောပြရဘူး အရင်cynthiaကို stellaကလုပ်ကြံတော့ နေရောင်ကြောင့် သွေးကုန်ခမ်းသွားတာရယ် တောင်ပေါ်ကတွန်းချခံရတာရယ်ကြောင့် သေရတာ
werewolfတွေကကျတော့ သူတို့ရဲ့စွမ်းအင်က အကောင်ပုံပြောင်းမှထွက်လာတာ ခွန်အားကြီးမားတယ် ၊အနံ့ခံကောင်းတယ် ၊သူတို့ရဲ့သွားတွေက vampireတွေကိုအထိနာစေတယ် ၊werewolfတွေရဲ့ခေါင်းဆောင်မှာ ထူးခြားတဲ့အစွမ်းရှိတယ် လက်အောက်ငယ်သားတွေက  သူတို့ခေါင်းဆောင်ရဲ့ အမိန့်တစ်ခုတည်းကိုပဲနာခံကြရတယ် အမိန့်ကိုမလိုက်နာရင် သူတို့ရဲ့သွေးတွေက ပူလောင်လာပြီးနာကျင်မှုခံစားရတယ် ဒါပေမဲ့အခုခေါင်းဆောင်က အဲ့စွမ်းအင်ကိုမသုံးတာကြောင့် သူရဲ့လူယုံကလွဲရင် ကျန်တဲ့သူတွေကသူ့မှာအဲ့စွမ်းအင် မရှိဘူးလို့ပဲသိထားကြတယ်'

Luminous SystemWhere stories live. Discover now