Arc_1.7

2.9K 255 2
                                    


နက္ခတ် မေယင်း အခန်းရှေ့ကိုရောက်တော့ ကြားလိုက်ရတာက အရမ်းကိုအံ့ဩဖို့ ကောင်းတယ် လရိပ်ပြောပြတာနဲ့ တစ်ခုမှမတူဘူး
"မေယင်းခ တော်တော့ မိသားစုအတွင်းရေးကို ကျောင်းမှာမပြောရဘူး"
လရိပ် နက္ခတ်ကို တွေ့တော့ အရမ်းကြောက်နေတဲ့ပုံစံနဲ့
"ကိုနေ လရိပ် ကြောက်တယ်"
All *ဟယ်ခုနက အဲ့လိုမဟုတ်ပါဘူး*
"အော် ဒါနဲ့နက္ခတ် ဖေနဲ့မေပြောတာက စေ့စပ်ထားတဲ့သူက ငါမဟုတ်ဘူးတဲ့ ငါ့အကိုနဲ့သဘောတူထားတာ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် အရင်မွေးတဲ့ သူအချင်းချင်းကိုပဲ လက်ထပ်ပေးမှာလို့ ပြောတယ်"
နက္ခတ် ကြားလိုက်ရတာကို မယုံကြည်နိုင်ဘူး
"မင်းပြောတာ မင်းလွင်ပြင်က ငါ့နဲ့လက်ထပ်ရမဲ့သူ"
*အာ့ကြောင့် ငါ့ကိုအမြင်မကြည်တာကို*
"ဘာလည်း စေ့စပ်ပွဲကို ဖျက်ချင်လို့လား"
"ဘာလို့ဖျက်ရမှာလဲ မဖျက်ပါဘူး"
"ကိုနေ ဘာပြောလိုက်တာလဲ လရိပ်ကကော လရိပ်ကို လက်မထပ်ချင်ဘူးလား"
"မင်းကို ဘာလို့လက်ထပ်ရမှာလည်း ငါ့ကမင်းကို ညီမလေးတစ်ယောက်လိုပဲ ချစ်တာ''
"တောက်စ် နင့်တို့အားလုံးကို မုန်းတယ်"
G1"သူကပဲ ပြောရတယ်ရှိသေး"
G2"အေ့လေ ရုပ်နဲ့တောင်မလိုက်ဘူး"
'host mission အောင်မြင်လို့ point 1000 ရရှိပါတယ်'

မေယင်း ချီးကျူးခံချင်တဲ့မျက်နှာနဲ့
* ဝမ်ဝမ် ငါတော်တယ်မလား*
'တော်ပါတယ် အကယ်ဒမီ တောင်ရလောက်တယ်'

တစ်ပတ်ကျော်ကျော်လောက် ကိုမျိုးနဲ့ မတွေ့ဖြစ်ဘူး
*ဝမ်ဝမ် မျိုးဇေယျာ ဘာလုပ်နေလဲ*
'သူရဲ့ Devil ဂိုဏ်း နှောင့်ယှက်ခံနေရလို့ ဖြေရှင်းနေပါတယ်'

*ဘယ်သူလုပ်လဲ သိပြီလား*

'ရှာ‌တွေ့လို့ အဲ့ဂိုဏ်းကို ဖျက်စီးလိုက်ပါပြီ အခု host ဆီကို လာနေပါတယ်'

*ငါက ကျောင်းတက်နေတာကို*
G1"ချောလိုက်တာ ဘယ်သူ့ကိုလာရှာတာလဲ မသိဘူး"
B2"မေယင်း နားသွားနေတာဟ"
မေယင်း အံ့ဩတဲ့ပုံနဲ့
"ကိုမျိုး ဘာကိစ္စရှိလို့လဲ"
"ကိစ္စရှိမှ ကိုယ်လာရမှာလား မေယင်းကို မုန့်ဝယ်ကျွေးမလို့ လာတာ"
"တစ်ကယ်လား ဒါပေါ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဦးလေ"
"သူက သူဇာအောင်၊ နီနီထွေး နဲ့ဒါက ချစ်ဆုမွန်"
သူတို့သုံးယောက် အပြုံးလေးတွေနဲ့ "တွေ့ရတာ ဝမ်းသာပါတယ်"
"ဟုတ်ကဲ့ ကျွန်တော်က မျိုးဇေယျာပါ မေယင်းရဲ့ အနာဂတ်ယောကျာ်းလောင်းပေါ့"
B1"သွားပါပြီ ငါ့နတ်သမီးလေး ပါသွားပြီ"
B2"အသဲကွဲသွားပြီ"
*ဝမ်ဝမ် သူပြောတာ အမှန်လား*
'‌တောင်းပန်ပါတယ် host ကျွန်တော်ပြောဖို့ မေ့သွားတာ သူက မေယင်းမိဘတွေ ဆီကနေခွင့်တောင်းပြီပါပြီ'

Luminous SystemWhere stories live. Discover now