Arc_4.3

1.1K 87 2
                                        

*ဝမ်ဝမ် လီကျင့်ကကျန်းပိုင်လီနားမသွားပဲဘာလို့ငါ့နားပဲနေနေတာလဲ*
'ကျွန်တော်လည်းမသိပါဘူး
host mission မလုပ်ဘူးလား'

*မင်စုကအသက် ၂၆မှသေတာမလား ပြည့်ဖို့တစ်လတောင်လိုသေးတယ် အေးဆေးပေါ့*
'ဟင်း
host အပြင်မှာကောရောက်နေပါတယ်'

*ရှာတွေ့တာမြန်လိုက်တာ*
"သခင်ကြီး အိမ်တော်ကိုပြန်လိုက်ခဲ့ပါနော် အားလုံးကစိတ်ပူနေတာ"
"မင်စု ကိုယ်တို့အပြင်မှာနေတာလည်းကြာပြီ အိမ်ပြန်ရအောင်နော်"
"အင် ပြန်ကြတာပေါ့"

ညတိုင်းမင်စု လီကျင့်နဲ့မအိပ်ချင်လို့ မင်ရှန်းကိုခေါ်ပြီးအိပ်တယ်
ဒီနေ့မင်ရှန်းက အစောကြီးအိပ်သွားလို့ မင်စုလည်းအိပ်ရာဝင်လိုက်တယ် အိပ်ပျော်သွားတဲ့အချိန်မှာ
"မင်စု မင်စု ထအုန်း"
"အိပ်နေတာကို ဘာလုပ်မလို့တုန်း"
"ပြစရာရှိလို့ ကိုယ်နဲ့ခဏလိုက်ခဲ့"
"ဥယျာဉ်ထဲမှာ ဘာကြည့်စရာရှိလို့ခေါ်လာတာလဲ"
"ဒီမှာထိုင်ပြီး လရောင်ခံစားနေ ကိုယ်ယူစရာရှိသေးလို့ ခဏစောင့်"

လီကျင့် ဘာလုပ်မလို့လဲဆိုပြီးကြည့်လိုက်တော့ ကျောက်တုံးနောက်မှာဖွက်ထားတဲ့အရက်ကိုသွားယူတာ
"အရက်လေးနှစ်အိုးကို ဘာလို့ဖွက်ထားတာလဲ"
"မင်စု ဒါကတစ်နှစ်မှသုံးအိုးပဲထွက်တာ ကိုယ်တောင်နှစ်အိုးရအောင် မနည်းလုထားရတာ"
"ဘာနဲ့လုပ်ထားတာမလို့တုန်း"
"မက်မုံပန်းနဲ့ဇီးပန်းကို အရက်ချက်ထားတာ သောက်လို့လည်းအရမ်းကောင်းတယ် ရော့"
"အနံ့လေးကမွှေးနေတာပဲ"
သောက်လို့ကုန်သွားတော့ စစ်ထဲလေးအိုးလောက်သောက်တာတောင်မမူးတဲ့သူက မူးတယ်ဆိုပြီးပခုံးပေါ်လာအိပ်နေတယ် လက်ကလည်းအငြိမ်မနေ ဟိုထိဒီထိနဲ့
"ငြိမ်ငြိမ်နေ ရှင့်ရဲ့ကောလေးကိုပဲအဲ့လိုသွားလုပ်"
"ဟင့်အင်း ကိုယ်ကမင်းကိုပဲလုပ်ချင်တာ သူ့ကိုကိုယ်မကြိုက်ပါဘူး"
"မကြိုက်ရင် ဘာလို့အိမ်ခေါ်လာမှာတုန်း စဉ်းစဉ်းစားစားပြောအုန်း"
"ကိုယ်တစ်ကယ်ပြောတာပါ သူ့ကိုအသုံးချစရာရှိလို့ပါ"
"ရှင်ပြောတိုင်းယုံရမှာလား"
"စိတ်ချ ကိုယ်ကတိပေးတယ် တစ်နှစ်ပဲစောင့်ပေး တစ်နှစ်ပြည့်တာနဲ့ မင်းသူ့ကိုလုံးဝမမြင်စေရဘူး"
"ကတိတည်ဖို့မျှော်လင့်ပါတယ်"
"ကောင်းပါပြီဗျာ အခုတော့ကိုယ်ဆက်ပြီးသွားလို့ရမလား ဟင် နာနေပြီ"
"ဒီနေရာမှာလား ရှင်မရှက်ဘူးလား"
"ဘာရှက်စရာရှိလို့လည်း ကိုယ်ကမင်းနဲ့ဆိုနေရာအစုံမှာ ချစ်ချင်တာ ခွင့်ပြုပေးနော်"
"အရှက်ကိုမရှိဘူး"

Luminous SystemWhere stories live. Discover now