Arc_4.8(end)

735 51 0
                                    

ကျန်းပိုင်လီက မင်းသမီးကိုလုပ်ကြံတဲ့အမှု၊ တစ်ဖက်နိုင်ငံကို ချောက်ချတဲ့အတွက်ကြောင့် ပြည်သူတွေရှေ့မှာ မြင်းငါးကောင်နဲ့ဆွဲပြီးသတ်ဖို့ အမိန့်ချခံရတယ်
ပိုင်လီ စိတ်တွေခြောက်ခြားပြီးအော်လိုက်တယ်
"ငါလက်မခံနိုင်ဘူး အိမ်ရှေ့စံကိုခေါ်ပေးပါ အိမ်ရှေ့စံကိုခေါ်ပေး"
"တိတ်တိတ်နေစမ်း အိမ်ရှေ့စံက မင်းခေါ်တိုင်းလာစရာလား မင်းကိုနောက်ဆုံးအနေနဲ့‌ပြောခိုင်းလိုက်တယ်
အရာအားလုံးက ဟန်ဆောင်ထားတာတဲ့"
"မဖြစ်နိုင်ဘူး အဲ့လိုဖြစ်လို့မရဘူး"
"ဟက် ကိုယ့်အဆင့်ကိုယ်သိ"
‌ပိုင်လီကို ဘုရင်ကပြည်သူတွေရှေ့လှည်းနဲ့တင်ပြီး တိုင်းပြည်ရဲ့သစ္စာဖောက်အဖြစ် တစ်ခြားသူတွေ‌နောက်မလုပ်ရဲအောင်ပတ်ပြခိုင်းတယ်
ပြည်သူတွေက မင်စုကိုချစ်တဲ့အတွက် ကောကိုခဲနဲ့ဝိုင်းပေါက်ကျတယ်
ချန်ကျီး ပိုင်လီကိုသနားပြီးအဆိပ်ရည်ခိုးပေးလိုက်တယ်
"နောက်ဘဝမှာအငြိုးတရားတွေမရှိပဲပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်"
"ကျေးဇူးတင်ပါတယ် ပြီးတော့ တောင်းပန်ပါတယ်"
'Point 2000 ရပါတယ်host ကောသေသွားပါပြီ'

*သိပ်ပြီးအနိုင်တောင်မကျင့်လိုက်ရဘူး*

*****
ဒီနေ့ နန်းတော်ထဲမှာ ဘယ်ကိုပဲကြည့်ကြည့် အနီရောင်တွေပဲမြင်နေရတယ်
အိမ်ရှေ့စံတင်မြောက်ပွဲနဲ့ လက်ထပ်ပွဲကို တူတူကျင်းပမှာဖြစ်တဲ့အတွက်  အားလုံးအလုပ်ရှုပ်နေကြတယ်

လီကျင့်က နိုင်ငံရေးငြိမ်းချမ်းနေတဲ့အပြင် မင်စုကခရီးထွက်ချင်လို့ ဘုရင်မင်းမြတ်ဆီမှာ ရာထူးကနေခဏနားဖို့လျှောက်တင်ခဲ့တယ်

မင်စုတို့မိသားစုအပြင် ရှန်လေ့နဲ့ရှန်လီပါအတူပါလာတယ်
မင်စုတို့ မင်တိုင်းပြည်အနှံ့လျှောက်လည်ကြတယ်
မင်ရှန်းကလည်း လူလစ်တာနဲ့ ရှန်လီကိုသွားသွားမြူစွယ်နေလို့ တားတောင်ယူရတယ်
ရှန်လေ့က ပထမတုံးကတော့မနေတတ်ဘူးပေါ့ နောက်ကျမမြင်ချင်ပဲယောင်ဆောင်နေတော့တယ်
ရှန်လေ့တွေးနေမိတယ်
'ငါစစ်ရေးတူတူကျင့်ခိုင်းမိတာမှားသွားတယ်'

"ကိုကိုကျွန်တော့်ကိုဘာလို့မကြည့်တာလဲ"
"စကားမပြောဘူးလား"
မင်ရှန်း ရုပ်တည်ကြီးလုပ်နေတဲ့ ရှန်လီရဲ့ပေါင်ပေါ်ကိုတက်ထိုင်လိုက်တယ်
"တကယ်စကားမပြောတော့ဘူးလား ကျွန်တော်က ခင်များကိုကြိုက်လို့လေ
အာ့ကြောင့်ခင်များကိုနမ်းလိုက်မိတာ"
ရှန်လီကစကားပြန်မပြောတော့ မင်ရှန်းနောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်တယ်
"ဟင့် ဟင့် ခင်များမကြိုက်ရင်နောက်မလုပ်တော့ဘူး ကျွန်တော်ဝေးဝေးမှာနေပေးမယ်"
မင်ရှမ်းငိုပြီး ပြေးထွက်သွားတယ်

Luminous SystemWhere stories live. Discover now