*ဝမ်ဝမ်နင်ပြောတော့ ဆုလဒ်နဲ့သုခကမတည့်ဘူးဆို အခုကျသူမဟုတ်တဲ့အတိုင်းပဲ*
'hostက မြနှင်းအိမ်ကိုဘာမှမလုပ်ရသေးဘူးလေ ပြီးတော့သူကအခု hostကိုကြိုက်နေတာလေ'ဆုလဒ်ပြုံးပြီးပြောလိုက်တယ်
*ငါစောရောက်လာတာကောင်းသွားတာပေါ့*
'hostလျှောက်မလုပ်နဲ့နော် hostအပြုံးကကြောက်စရာကြီး'*မလုပ်ပါဘူး ဒါပေမဲ့သုခကိုနည်းနည်းတော့ကစားရမယ်*
"ဟေး သုတင့ါကိုလာခေါ် အင် အိမ်မှာမြန်မြန်လာနော်"
"မယ်မင်းကြီးမပြော ဘာခိုင်းမလို့လဲ တစ်ခါတစ်လေမှနားရပါတယ်ဆိုခိုင်းဖို့ကြည့်ပဲ"
"ဈေးသွားရအောင်"
"ဘာလုပ်ဖို့လဲ"
"နင့်ကိုဟင်းချက်ကျွေးမလို့လေ မစားချင်ဘူးလား"
"ချက်ကောချက်တတ်လို့လား "
"အမေရိကားမှာတစ်ယောက်ထဲနေလာတာပါ အထင်မသေးစမ်းနဲ့"
"ကောင်းပြီလေ နင့်လက်ရာကိုစားကြည့်ချင်ပြီသွားမယ်"
"အကုန်စုံပြီ နင့်အိမ်ကိုမောင်း"
"ဆုလဒ် နင်ချက်ကျွေးချင်တာငါကောဟုတ်ရဲ့လား"
"နင့်အကိုရှေ့မှာ နင့်ကိုချက်ကျွေးချင်တာ တစ်ချက်ခုတ်နှစ်ချက်ပျတ်ပေါ့"
"နင်ကမီးနဲ့ကစားနေတာပဲ ဒါပေမဲ့ပျော်ဖို့ကောင်းတယ် ဟီးဟီး"
"အကိုသုခ ကုမ္ပဏီကပြန်လာပြီလား"
"အင် ငယ်လေးစီလာလည်တာလား"
"ဟုတ်တယ်အကိုရဲ့ ဆုလဒ်ကကျွန်တော့်ကို ဟင်းချက်ကျွေးမလို့တဲ့လေ"
"အကိုကောစားပြီးပြီလား မစားရသေးရင်တူတူစားရအောင်လေ"
"ကိုယ်အဝတ်လဲပြီးဆင်းလာခဲ့မယ်"
သုခငယ်လေးကို မနာလိုဖြစ်မိတယ် သခင်ကောဆုလဒ်ကောကငယ်လေးကိုအရမ်းခင်ကြတယ်
"အမလေးကြောက်စရာကြီး အကိုကငါ့ကိုသတ်တော့မဲ့ပုံနဲ့ ကြည့်သွားတယ်"
"ဟဲ့နင့်အကိုက ငါကိုကြိုက်တာလား ဒါမှမဟုတ် သခင်ကိုလား"
"သူဘယ်သူ့ကိုကြိုက်ကြိုက် နင်အရှုံးမရှိတာသေချာတယ်"
"ဟဲဟဲ နင်ကောထူးထူးကိုလိုက်တာအဆင်ပြေရဲ့လား"
"သူင့ါကိုအဖြေပြန်မသေးဘူး င့ါကိုလည်းမုန်းမနေပါဘူး"
"ပေးစရာလား နင်ဖွင့်ပြောတာဖြင့်တစ်ပတ်တောင်မပြည့်သေးဘူး"
"ဘာ သုတမင်းဆုလဒ်ကို ဖွင့်ပြောတယ်ဟုတ်လား"
"အကိုနဲ့ဘာဆိုင်လို့လဲ"
"မင်း"
"အကို သူပြောတာနားထောင်မနေနဲ့ သူကဆုလဒ်ရဲ့အတွင်းရေးမှူးကို ဖွင့်ပြောထားတာပါ"
"အော် ထမင်းစားရအောင်လေ"
"ဟုတ်ကဲ့"
ခုဏက သုခဘာဖြစ်သွားမသိဘူး ဖွင့်ပြောတယ်ကြားတော့ ငယ်လေးကို တော်တော်စိတ်တိုသွားတာ သူ့စိတ်ထဲမှာသခင်ကိုလည်းချစ်တယ် ဆုလဒ်ကိုလည်းချစ်နေမိတယ် သူအကျင့်မကောင်းတဲ့ကောင်ဖြစ်နေပြီလားမသိဘူး သူဆုလဒ်နဲ့ဝေးဝေးနေသင့်ပြီထင်တယ်
2.3.2021
**************
"ဈေးသွားရအောင်"
"ဘာလုပ်ဖို့လဲ"
"မင်း"
"ဟုတ်ကဲ့"

YOU ARE READING
Luminous System
Fantasyသူမနာမည်က မေယင်းခ ချစ်ရတဲ့သူနဲ့ အချစ်ဆုံး သူငယ်ချင်းရဲ့သတ်ချင်းကို ခံခဲ့ရပြီး systemတစ်ခုနဲ့ ချိတ်ဆက်မိခဲ့တယ် သူကျိန်ဆိုခဲ့တယ် သူပြန်လည်မွေးဖွားခဲ့ရင် နှစ်ယောက်လုံးကို သူ့လိုမျိုးပြန်ပြီး နာကျင်စေရမယ်လို့ Start ~~~24.10.2020 End ~~~ #Mariepink **...