Arc_1(မေယင်းခ)

4.2K 280 2
                                    


      ကျွန်မ ပန်းရောင်တွေနဲ့ ပြည့်နေတဲ့အခန်းထဲမှာ နိုးလာခဲ့တယ်
systemတွေဘာတွေနဲ့ ရင်းနှီးနေတော့ လန့်မသွားမိဘူး

မေယင်းရဲ့မျက်နှာမှာ ပျော်ရွှင်မှုတွေနဲ့ပြည့်နေတယ်
*ငါမသေခင် ကြားလိုက်ရတဲ့အသံကတကယ် systemရဲ့အသံပဲကို ပျော်လိုက်တာ ငါဟိုနှစ်ကောင်ကို လက်စားချေလို့ရပြီကွ*

'တွေးနေတာတွေကို ကြားနေရတယ်နော် host'
"ဒါနဲ့တစ်ခြား systemတွေဆို အခန်းက အဖြူတို့ အမဲတို့ပါ နင့်ကျမှဘာလို့ ပန်းရောင်ကြီးလဲ"

'လျှောက်မတွေးပါနဲ့  hostကပန်းရောင်ကြိုက်တယ်လေ အာ့ကြောင့်ပြောင်းပေးထားတာပါ'
"Aww ပြောစရာရှိတာပြောလေ"

'Host က systemတွေနဲ့ ရင်းနှီးပြီးသားဆိုတော့ လိုရင်းပဲပြောပါတော့မယ်
အမည်        မေယင်းခ
ရုပ်ရည်        ???
Point           1000/100000 သိုလှောင်ရုံထဲရှိပစ္စည်း    ???
တက်ကျွမ်းသောပညာ   ???
host ကအကူအညီတောင်းတဲ့သူတွေရဲ့ ဆန္ဒတွေကို ဖြည့်စည်း‌ပေးပြီး pointတွေရှာရပါမယ်'
"Ok ငါသိပြီ ဒါနဲ့တစ်ခြားဟာတွေက မရှိသေးလို့ထားပါတော့ ရုပ်ရည်ကပါ ဘာလို့ ???လဲ"

'အဲ့ဒါက host ရဲ့ဘဝတုန်းက hostရဲ့ရုပ်ကို ဘယ်သူကမှ မချီးကျူးဖူးလို့ပါ
ဒါပေမဲ့ ပေးထားတဲ့ pointထဲကနေပြီး ရုပ်ရည်ကို မြင့်တင်လို့ရပါတယ်'
မေယင်းမျက်နှာရှစ်ခေါက်ချိုးနဲ့ "အာ့ဆိုလည်း100မှတ် ပေါင်းထည့်ပေး"

'ဟုတ်ကဲ့ပါ
အမည်     မေယင်းခ
ရုပ်ရည်   100(ကမ္ဘာတိုင်းတိုးမြင့်)
Point       900/100000
သို‌လှောင်ရုံထဲရှိပစ္စည်း    ???
တက်ကျွမ်းသောပညာ    ???'
"အဆင်ပြေပြီ ဒါနဲ့နင့်ကို ဘယ်လိုခေါ်ရမလဲ"

'ကျွန်တော့်နာမည်က ဝမ်ဝမ်ပါအာ့ဆိုကူးပြောင်းခြင်း စတင်ပါပြီ'
"fuck ငါ့ကိုအသိမပေးပဲ ပို့ရလားကောင်စုတ်ရဲ့"

'10...9..8...3...2...1'

************





အမည်        မေယင်းခ
ရုပ်ရည်        ???
တက်ကျွမ်းသောပညာ   ???


'ဟုတ်ကဲ့ပါ
အမည်     မေယင်းခ
Point       900/100000
တက်ကျွမ်းသောပညာ    ???'


'10...9..8...3...2...1'

Luminous SystemWhere stories live. Discover now