Arc_2.1(Cynthia)

2.9K 198 4
                                    


'မှတ််ဥာဏ်တွေ ပို့ပေးလိုက်ပါပြီ host'

အခု မေယင်းရောက်နေတဲ့ကိုယ်က Cynthia လို့ခေါ်တဲ့ vampireမလေးရဲ့ကိုယ် Lucas နဲ့ငယ်သူငယ်ချင်းတွေ ဒါပေမဲ့ Lucasက ဘာကြောင့်မှန်းမသိ သူ့မကိုမုန်းနေခဲ့တယ် တစ်နေ့ သူမတို့ကျောင်းကို Werewolfတွေ လာတိုက်ခိုက်တယ် Cynthiaနဲ့ သူမရဲ့သူငယ်ချင်းတွေက အဖွဲ့ဖွဲ့ပြီးတိုက်ခိုက်ခဲ့ကြတယ်
တိုက်ပွဲပြီးတော့ ရာထူးအပ်ပွဲမှာ Lucasက ခေါင်းဆောင်ရာထူး Cynthiaက ဒုခေါင်းဆောင်ရာထူးရတယ် Stellaက werewolfတွေ ဝင်ရောက်လာချိန်မှာ မကူညီပဲနဲ့ ခေါင်းဆောင်ရဲ့လက်ထောက် ဖြစ်လာတယ် အားလုံးက မကျေနပ်ပင်မဲ့ ခေါင်းဆောင်ကို ကြောက်လို့ဘာမှမပြောရဲကြဘူး Lucasရဲ့ဘေးနားမှာ မိန်းမဆိုလို့ Stella တစ်ယောက်ပဲ နေခွင့်ရတယ် တစ်ခြားမိန်းကလေးတွေ သူ့နားကပ်လို့မရဘူး
Werewolf တွေကို တိုက်ထုတ်မယ့်နေ့မှာ Stellaက Cynthiaကို vampireတွေအကြောက်ဆုံးဆေးဖြစ်တဲ့ စွမ်းအင်ပျောက်ဆေးကို တိုက်လိုက်တယ် werewolfတွေနဲ့ တိုက်တော့ Cynthiaဒဏ်ရာရသွားလို့ ထွက်ပြေးတဲ့အချိန် နောက်ကနေ Stellaလိုက်လာခဲ့တယ် ‌ပြီးတော့တောင်ပေါ်ကနေ တွန်းချခဲ့တယ် Cynthiaသေတဲ့အထိ ဘာကြောင့်အသတ်ခံရမှန်း မသိခဲ့ဘူး အလောင်းရှာမတွေ့လို့ Cynthiaရဲ့အဖိုးDavidကလည်း ရာထူးက ထွက်သွားခဲ့တယ်
Stellaကတော့ ဒုခေါင်းဆောင်ဖြစ်သွားပြီး Lucas နဲ့အတူတူ တိုက်ပွဲဝင်ခဲ့တယ် တစ်နှစ်အကြာမှာ စစ်ပွဲပြီးဆုံးသွားခဲ့တယ်
နှစ်ဖက်သဘောတူ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့တယ် စည်းမကျော်သ၍ တစ်ဖက်နဲ့တစ်ဖက် မတိုက်ခိုက်ကြတော့ဘူး
*အဲ့တော့ ငါကဖြတ်လျှောက်လား ခဏလေးနဲ့ တန်းသေရတယ်လို့*
'သူရဲ့ဆု‌တောင်းတွေကတော့
Stellaကို လက်စားချေရန် point 1000
Lucasကို နောင်တရစေရန် point 1000
ခေါင်းဆောင် ဖြစ်လာစေရန် point 1000 ပါ host'

*ကောင်းပြီ အခုငါဘယ်အချိန်မှာ ရောက်လာတာလဲ*
'werewolf တွေကို တိုက်ခိုက်ပြီး မနက်ဖြန်ဆို ရာထူးအပ်နှင်းပွဲရောက်ပါပြီ host'

*Ok*
'ကောင်းကောင်း အနားယူပါ host '

အခုကစပြီးမေယင်းကို Cynthiaလို့ပဲခေါ်ပါတော့မယ်

***************
'မှတ်ဥာဏ်တွေ ပို့ပေးလိုက်ပါပြီ host'



*Ok*



Luminous SystemWhere stories live. Discover now