Arc_4.6

1.2K 91 6
                                        

ရှန်လေ့အမတ်တွေကြောင့်ခေါင်းကိုက်နေရတယ်
"ဘုရင်မင်းမြတ် အိမ်ရှေ့စံတင်မြောက်ချိန်ရောက်ပါပြီ"
အမတ်တစ်ယောက်က
"အရှင် ဟန်ဂိုဏ်းကပိုပြီးအင်အားတောင့်တင်းလာပါပြီ ခေါင်းဆောင်ကိုလည်းဘယ်သူမှမသိကြပါဘူး"

ရှန်လေ့တွေးလိုက်တယ်
'ဘယ်သိမလဲ ငါ့ညီမကတော်တယ်လေ'
"ဟုတ်ပြီ ကိုယ်တော်အိမ်ရှေ့စံဖြစ်မယ့်သူကို စစ်သူကြီးရန့်ရဲ့ထောက်ခံမှုနဲ့ ပြည်သူတွေကလည်း သဘောကြတဲ့သူကိုရွေးမယ်...
အင်... ဟန်ဂိုဏ်းကတော့ မကောင်းတာမလုပ်ထားတဲ့သူတွေက ကြောက်စရာမလိုပါဘူး ညီလာခံသိမ်းမယ်"
ရှန်လေ့စကားအဆုံး အမတ်တစ်ချို့မျက်နှာပျက်သွားကြတယ်

~~~~~~~~~~
"ခမည်းတော်သားတော်ကိုပြောစရာရှိလို့လား"
ရှန်ဝေ့အဖေရောက်ကတည်းထိုင်နေလို့အရင်မေးလိုက်တယ်

"အင် ရှန်ဝေ့
သားတော်ကိုခိုင်းစရာတစ်ခုရှိတယ်"

ရှန်ဝေ့ခမည်းတော်ကိုကြည့်လိုက်တယ်

"မင်းကျန်းပိုင်လီကိုမှတ်မိလား"
"မှတ်မိပါတယ်"
"သူ့ကိုမင်းရဲ့ဘက်တော်သားလုပ်ပြီး စစ်သူကြီးရန် အိမ်ရှေ့စံအဖြစ်ဘယ်သူ့ကို ထောက်ခံလဲစုံစမ်းခိုင်းလိုက်"
"ဦးရီးတော်သိသွားရင်.."
"ဘာမှမဖြစ်ဘူး ကျန်းပိုင်လီကမင်နိုင်ငံနဲ့ပတ်သတ်နေတယ် ဘာလုပ်ရမယ်ဆိုတာသိပြီလား"
"သားတော်နားလည်ပါပြီ အခုပဲစီစဉ်လိုက်ပါမယ်"

~~~~~~~~
ပိုင်လီ ဒီနေ့ပထမမင်းသားနဲ့တွေ့ဖို့ချိန်းထားတယ်
"မင်းသားကိုဂါရဝပြုပါတယ်"
"ထိုင်ပါ"
"မင်းသားက ကျွန်တော်မျိုးကိုဘာကြောင့်တွေ့ချင်တာလဲမသိဘူး"
"အိမ်ရှေ့စံဖြစ်ဖို့ စစ်သူကြီးရန်ရဲ့ထောက်ခံချက်လိုတယ်ဆိုတာသိမှာပါ"
"ဟုတ်ကဲ့"
"မင်းကို ကိုယ်တော်အတွက်စုံစမ်းပေးစေချင်တယ် တစ်နည်းအားဖြင့် မင်းကိုကိုယ့်ရဲ့ဘက်တော်သားဖြစ်စေချင်တယ်"
"မင်းသားရဲ့ဘက်တော်သားဖြစ်ခွင့်ရတာ ကျွန်တော်မျိုးအတွက်ဂုဏ်ယူစရာပါ"

'အကို မကြာခင်ရန်လီကျင့်ကို ငါလက်စားချေနိုင်တော့မယ်'

~~~~~
မင်စုတို့ဖက်မှာတော့
"အမေ အကိုရှန်လီကိုသားတို့နဲ့ခေါ်လာလို့ ဦးရီးတော်စိတ်ဆိုးနေအုန်းမယ်"
"မဆိုးပါဘူးသားရဲ့
မင်းအဖေလည်းပါလာတာပဲ"
လီကျင့် မင်စုပြောတာကိုခေါင်းငြိမ့်ပြီး
"မင်စု ကိုယ်တို့ခဏနားကြမလား "
"အင် ဒီနားမှာအလှူလုပ်ရအောင်"
"ကောင်းပြီ ရန်ကျို ဒီနားကလူတွေကို ဆန်နဲ့အသပြာဝေပေးမဲ့အကြောင်းသွားပြောလိုက်"
လီကျင့်ပြောလိုက်တာနဲ့ အနက်ရောက်အရိပ်တစ်ခုလျင်မြန်စွာဖြတ်သွားတယ်
"ရှင်ဘယ်သူ့ကို အိမ်ရှေ့စံဖြစ်စေချင်လည်း"
မင်စုမေးတာကိုဖြေလိုက်တယ်
"ကိုယ်ကရှန်လီရဲ့တိုက်ခိုက်ပုံကိုကြိုက်တာ ဒါပေမဲ့အသက်ကတော်တော်ငယ်သေးတယ် အဲ့တော့ရှန်ဝေ့နဲ့ရှန်ချီထဲကပဲ ရွေးရတော့မယ်"
လီကျင့် မင်ရှန်းနဲ့ရှန်လီက်ိုကြည့်ပြီး စိတ်ထဲကပဲပြောလိုက်တယ်
'ကလေးမရနိုင်တဲ့သူကိုအိမ်ရှေ့စံမြောက်လို့မရဘူးလေ....ဟူး'

Luminous SystemWhere stories live. Discover now