"သခင်ကြီးအပြင်မှာ ကွေ့ကုန်းကုန်းရောက်နေပါတယ် စာကြည့်ခန်းမှာ စောင့်နေပါတယ်"
"လာခဲ့မယ် သွားတော့"
"ဟုတ်ကဲ့"
"ကွေ့ကုန်းကုန်းက ဘာကိစ္စရှိလို့အိမ်ရောက်လာရတာလဲ"
"မသိဘူးလေ အိပ်အုံးပင်ပန်းနေမှာပေါ့"
"အင် သွားတော့လေ"~~~~
"ပြောပါ"
"ဧကရာဇ်က စစ်သူကြီးကို အရေးကြီးကိစ္စတိုင်ပင်စရာရှိလို့ ကျွန်တော်နဲ့တစ်ခါတည်း လိုက်ခဲ့ဖို့အမိန့်ပေးလိုက်ပါတယ်"
လီကျင့် အဲ့နေ့ကတည်းကပြန်မလာသုံးရက်လောက်ရှိပြီ
'host လီကျင့်နဲ့ရှန်လေ့အိမ်ကို ပြန်လာနေပါပြီ'*dramaလေးနည်းနည်းသွားရိုက်ရအောင် ကောဆီသွားမယ်*
"အိုး ရန်အိမ်တော်ရဲ့သခင်မက ကျွန်တော်မျိုးရဲ့အခန်းကို ဘာလာလုပ်တာလဲမသိဘူး"
"ငါဘာကြောင့်လာရလဲမသိဘူးပေါ့"
"ပြောပါ"
*ဝမ်ဝမ် သူသရုပ်ဆောင်တာငါ့ကိုမမီဘူး ဟုတ်တယ်မလား*
ဝမ်ဝမ်ကတော့ စိတ်လေတယ်ဆိုတဲ့ အကြည့်တစ်ချက်ပဲပေးလိုက်တယ်"ငါအဆိပ်ခတ်ခံရတယ် ဒီအိမ်တော်မှာ ငါ့ကိုထိခိုက်ချင်တဲ့သူဆိုလို့မင်းဘဲရှိတယ်"
"သခင်မ သက်သေမရှိပဲ ကျွန်တော်မျိုးကိုမစွပ်ဆွဲပါနဲ့"
"သက်သေလား မင်းခေါင်းအုံးအောက်မှာလေ"
ကျန်းပိုင်လီ အံ့ဩသွားတယ်
သူဘယ်လိုသိသွားတာပါလိမ့်
"ပေါ်သွားပြီပဲ"
"ကြည့်ရတာ အဆိပ်လည်းဖြေပြီးပြီထင်တယ်"
"ဘာလို့လဲ"
"မင်းကိုမုန်းလို့ တစ်ခုလောက်ပြောပြအုန်းမယ် မင်းရဲ့သားကိုကော ဖြေပေးပြီးပြီလား"
"ဘာ ငါ့သားကိုပါအဆိပ်ထားတာလား"
"ကလေးတစ်ယောက်ကိုတော့လွတ်ပေးသင့်တယ်"
'hostအပြင်မှာ ရှန်လေ့တို့ နားထောင်နေပါတယ်'"ဘာဖြစ်နေကြတာလဲ"
လီကျင့်ကိုမြင်လိုက်တာနဲ့ ကောကမျက်ရည်တွေထွက်လာပြီး ဒူးထောက်လိုက်တယ်
"သခင်မ ပိုင်လီတောင်းပန်ပါတယ် နောက်မလုပ်တော့ပါဘူးခွင့်လွတ်ပေးပါ"
"မင်စု သူဘာလုပ်လို့လဲ"
"သူ ငါနဲ့ငါ့သားကို အဆိပ်ခတ်တယ်"
"ပိုင်လီ မင်းဘာကြောင့်လုပ်တာလဲ ငါ့ကိုပြောစမ်း"
"ပိုင်လီ သခင်ကြီးကိုဆုံးရှုံးရမှာကြောက်လို့ပါ
အိမ်ရောက်လာတော့ သခင်ကြီးကပိုင်လီဆီမလာတော့လို့ ပိုင်လီကြောက်ပြီးလုပ်မိတာပါ"
"မင်းကွာ"
"သခင်ကြီးပိုင်လီကို မောင်းမထုတ်ပါနဲ့နော်"
"ဟင်း နောက်တစ်ခါမဖြစ်စေနဲ့ မင်စု မင်းလည်းတော်တော့"
လီကျင့်ပြောသံကြားတာနဲ့ ကျန်းပိုင်လီက နင်ဘာတတ်နိုင်သေးလဲဆိုတဲ့ပုံနဲ့ ကြည့်လာတယ်
"ရှင်"
မင်စု ရှန်လေ့ကိုကြည့်လိုက်တော့လဲ မသိသလိုနေနေတယ်
*သူတို့သရုပ်ဆောင်နေတာမလား ဘာတွေကြံနေကြလဲမသိဘူး*
မင်စုလည်း ဒေါသတကြီးနဲ့အခန်းထဲကထွက်သွားတယ်
"နားလိုက်အုံး ငါအလုပ်ကိစ္စရှိသေးတယ်"
"ဟုတ် ကျေးဇူးတင်ပါတယ်သခင်ကြီး"
YOU ARE READING
Luminous System
Fantasíaသူမနာမည်က မေယင်းခ ချစ်ရတဲ့သူနဲ့ အချစ်ဆုံး သူငယ်ချင်းရဲ့သတ်ချင်းကို ခံခဲ့ရပြီး systemတစ်ခုနဲ့ ချိတ်ဆက်မိခဲ့တယ် သူကျိန်ဆိုခဲ့တယ် သူပြန်လည်မွေးဖွားခဲ့ရင် နှစ်ယောက်လုံးကို သူ့လိုမျိုးပြန်ပြီး နာကျင်စေရမယ်လို့ Start ~~~24.10.2020 End ~~~ #Mariepink **...