ပိုင်လီ ဒီနေ့ပန်းပွဲတော်မှာ အလှဆုံးကသူလို့တွေးမိပြီးပျော်နေတယ်
အဲ့အချိန် လော်ကုန်းကုန်းရဲ့အသံကို ကြားလိုက်ရတယ်
"ဘုရင်ကြီးရောက်လာပါပြီ"အားလုံးကထပြီး နှုတ်ဆက်ကြရတယ်
ဘုရင့်အနောက်မှာ မိဖုရားကြီးနဲ့အတူပါလာတဲ့မိန်းကလေးက မျက်နှာကိုပ၀ါနဲ့ ကာထားတာတောင် အလှဆုံးပန်းတစ်ပွင့်ဖြစ်နေတယ်
မိန်းကလေးအားလုံးက မနာလိုဖြစ်ရတဲ့အထိကို အားလုံးကသူမကိုပဲကြည့်နေကြတယ်
"ဒီနေ့ မင်တိုင်းပြည်က ဧည့်သည်တွေလည်းရောက်နေတော့ ကိုယ်တော်ရဲ့ညီမတော်ကို အားလုံးနဲ့ မိတ်ဆက်ပေးမယ် သူမက မင်းသမီးတစ်ပါးလည်းဖြစ်သလို စစ်သူကြီးကတော်လည်းဖြစ်တယ် ဟန်မင်စု အားလုံးသူမကို သိကြမှာပါ"ဘုရင့်စကားကို ကြားလိုက်တဲ့အချိန် ပိုင်လီလက်သီးကို တင်းနေအောင်စုပ်လိုက်မိတယ်
"အားလုံးကိုနှုတ်ဆက်ပါတယ်"
"တစ်ချိန်က လျန်တိုင်းပြည်ရဲ့အလှနတ်သမီးဆိုတဲ့အတိုင်း တကယ်ကိုလှပါပေတယ်"
"မင်မင်းသားရဲ့ချီးကျူးမှုကို ကျေးဇူးတင်ပါတယ် "
"စစ်သူကြီးရန် ခင်များတကယ်ကံကောင်းတယ် ဒီလိုအချောအလှလေးကိုရထားတာ"
လီကျင့်ရဲ့အပြုံးအရယ်မရှိတဲ့မျက်နှာက ပြုံးပြောတဲ့သူကိုပြုံးပြလိုက်တယ်"မင်းသမီးရဲ့ကျော်ကြားမှူက မင်နိုင်ငံအထိတောင်ရောက်ပါတယ်"
"ကျွန်တော်တို့ မင်းသမီးရဲ့ဗျပ်စောင်းသံလေးကို ကြားခွင့်ရမလားလို့မေးချင်ပါတယ်"
"ရပါတယ်"မေယင်း လန်ဝမ်ကျီရဲ့သီချင်းကိုတီးလိုက်တယ်
"ကြားထားတဲ့အတိုင်း တကယ်ကိုတော်ပါပေတယ်"
"ကိုယ်တော်တို့ ပြိုင်ပွဲစလိုက်ကြရအောင်"စာပေပြိုင်ပွဲမှာ ရှန်ဝေ့အနိုင်ရပြီး ဒုတိယမင်းသားရှန်ချီက ဒုတိယရတယ်
အနုပညာပြိုင်ပွဲမှာ ရှန်ချီကပထမ ရှန်လီကဒုတိယရတယ်
နောက်ဆုံးသိုင်းပြိုင်ပွဲမှာ ရှန်ဝေ့အနိုင်ရလို့ ကြိုက်ရာဆုကိုတောင်းခွင့်ရတယ်ရှန်လေ့က အိမ်ရှေ့စံဘယ်သူဆိုတာကိုကြေညာလိုက်တယ်
"ငါကိုယ်တော်ရှန်ဝေ့ကို အိမ်ရှေ့စံအဖြစ်တင်မြောက်တယ်
သားတော်ပထမရလို့ ခမည်းတော်ဆီက လိုရာကိုတောင်းနိုင်တယ်"
"သားတော်
လက်ယာအမတ်ရဲ့သမီး ဟွာကောင်းမိန်နဲ့ လက်ဆတ်ချင်ပါတယ်"
"အိန် ကောင်းပြီ ငါကိုယ်တော်ခွင့်ပြုတယ်"

YOU ARE READING
Luminous System
Fantasyသူမနာမည်က မေယင်းခ ချစ်ရတဲ့သူနဲ့ အချစ်ဆုံး သူငယ်ချင်းရဲ့သတ်ချင်းကို ခံခဲ့ရပြီး systemတစ်ခုနဲ့ ချိတ်ဆက်မိခဲ့တယ် သူကျိန်ဆိုခဲ့တယ် သူပြန်လည်မွေးဖွားခဲ့ရင် နှစ်ယောက်လုံးကို သူ့လိုမျိုးပြန်ပြီး နာကျင်စေရမယ်လို့ Start ~~~24.10.2020 End ~~~ #Mariepink **...