TWENTY-SIX

1.3K 62 7
                                    

Unicode

နောက်နားဆီကပြုနေတဲ့ တအဲ့အဲ့အသံလေးကြောင့် စာရေးခြင်းကိုရပ်တန့်ကာ ထိုင်နေရာမှထပြီး ပုခတ်ထဲကိုကြည့်လိုက်တော့ မောင့်သမီးလေးက မျက်လုံးအဝိုင်းသားလေးနှင့် သူ့လက်ချောင်းလေးတွေကို လှုပ်ခတ်လို့နေသည် ။

soo - မင်းကနိုးနေပြီလားကွ ။ အန်တီတောင်စာရေးလို့မပြီးသေးဘူး ။ မင်းကထချင်လို့လား ။

တုံ့ပြန်သံမရှိပေမဲ့ စကားတို့ပြောရင်း ကလေးမလေးကိုပွေ့ချီလိုက်တော့ Diaperကစိုရွှဲနေပြီ ။

soo - သေးအိုးကွဲမလေး ။

ပုခတ်ထဲမှထုတ်ကာ Diaperအသစ်လဲပေးရင်း ကျွန်မကိုပြုံးပြနေသည့် ထိုကလေးငယ်လေးအား မမှိတ်မသုန်စိုက်ကြည့်ရင်း အန်ကယ်Wu၏ စကားသံတို့က နားထဲတိုးဝင်လို့လာသည် ။

" သမီးရဲ့သမီးအရင်းလေးလို ချစ်နိုင်လို့လား "

သမီးအရင်းလေးလိုချစ်နိုင်လား ။

အန်တီမင်းကို သမီးလိုမချစ်နိုင်ဘူးထင်တယ် ကလေးရယ် ။

kai - Soo ။

ပခုံးကိုပုတ်ကာမောင်ခေါ်မှ အတွေးထဲက လူးလွန့်ကာလှည့်ကြည့်လိုက်တော့ မောင်တောင်အလုပ်ကပြန်လာလေပြီ ။

soo - ပြန်လာပြီလား ။

kai - ဘာတွေတွေးနေလို့ မောင်ပြန်လာတာတောင် မသိတာလဲကွ ။

soo - ဇာတ်လမ်းအကြောင်းစဉ်းစားနေလို့ပါ ။

kai - လာပါအုန်းသမီးရဲ့ ဖေဖေ့ဆီ ။

ကျွန်မလက်ထဲက ကလေးအားယူကာ ချီယူချော့မြှူနေတဲ့ မောင့်အတွက် ဒီကလေးက ဘဝတစ်ခုလား ။

ကျွန်မနဲ့သူဘယ်သူပိုအရေးပါသလဲလို့ အခုနေ ကျွန်မမေးလိုက်ရင် မောင်စိတ်များဆိုးသွားမလားဟင် ။

kai - ဖေဖေ့အားဆေးလေးက ကြည့်ပါအုန်း ။ တစ်နေ့တစ်ခြားချောလာလိုက်တာ ။

soo - မောင်ရေသွားချိုးလေ ။ ပင်ပန်းလာတာကို ။

kai - ဘယ်လောက်ပင်ပန်းပင်ပန်း ဟောဒီ့က မောင့်မိန်းမနဲ့သမီးလေးမျက်နှာကိုမြင်ရရင် အမောပြေပြီးသား ။

You've reached the end of published parts.

⏰ Last updated: Jan 01, 2021 ⏰

Add this story to your Library to get notified about new parts!

💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛Where stories live. Discover now